လွိုင်ကော်ပြည်ခိုင်ဖြိုး ရပ်ကွက်/ကျေးရွာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ လူငယ်ရေးရာ လှုပ်ရှားမှုအနေဖြင့် ရပ်ကွက်/ကျေးရွာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်နယ်ပါတီရုံးဝန်းအတွင်း ဒီဇင်ဘာလ (၂) ရက်နေ့မှစ၍ ပြုလုပ်နိုင်ရေးအတွက် အစည်းအဝေးတစ်ရပ်ကို လွိုင်ကော်ခရိုင်ပါတီရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ (၂၂) ရက် နေ့လည်(၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။

new

အစည်းအဝေးတွင် ပါဝင်ယှဉ်ပြိုင်မည့် ရပ်ကွက်/ကျေးရွာ အသင်းပေါင်း (၂၈) သင်း၊ အသင်းခေါင်းဆောင်လူငယ် များမှ အသီးသီးဆွေးနွေးခဲ့ကြသည်။

ပြိုင်ပွဲတွင်အနိုင်ရရှိသည့်အသင်းအား ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလတွင်ကျင်းပမည့် ကယားပြည်နယ်နေ့ပွဲတော်သို့ ၀င်ရောက်ယှဉ်ပြိုင်ရန်ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးသန်ဒရေးရ(မီး)နှင့် ဒေါ်ဗျားမြာမောင်၊ လွိုင်ကော်ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးမျိုးမြင့်ဦးနှင့် ကော်မတီဝင်များ၊ လွိုင်ကော်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ရွှေနှင့် ကော်မတီဝင်များ၊ ရပ်/ကျေး အုပ်စု အသင်းခေါင်းဆောင်များ စုစုပေါင်း အင်အား (၃၇) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗျားမြာမောင်


Leave a Reply