အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီအဖွဲ့များနှင့် တွေ့ဆုံ

 

အမရပူရ ဇွန် ၁ဝ

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အတွင်းရှိ လက်ပံဇင် ကျေးရွာပါတီဥက္ကဋ္ဌ ဦးထွန်းနိုင်လင်း၏ နေအိမ်သို့ သွားရောက်၍ ရပ်/ကျေး ပါတီ အဖွဲ့များအား သွားရောက် တွေ့ဆုံ ခဲ့သည်။

ထိုသို့ ကွင်းဆင်းတွေ့ဆုံရာတွင် အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်စောမြိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ လက်ပံဇင်ကျေးရွာအုပ်စု၊ သူငယ်တော် ကျေးရွာအုပ်စု၊ ပန်းချီကျေးရွာ အုပ်စုတို့ရှိရပ်/ကျေး ပါတီအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီမှ နိုင်ငံတော် သမ္မတထံ ပေးပို့သော အိတ်ဖွင့်ပေးစာကိစ္စ၊ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၆ ပါတီမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ပေးပို့ သော အိတ်ဖွင့်ပေးစာ ကိစ္စများအား ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)