မိဘမဲ့ကလေးငယ်များအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အလှူငွေများလှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မွန်ပြည်နယ်ပါတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် ယမန်နေ့နံနက် ၁၁နာရီခွဲကနေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ စမတောင်တော် မဟာပရဟိတ-စမတောင် လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်သို့သွားရောက်ကာ အလှူငွေများ လှူဒါန်း ခဲ့ကြောင်း သိရသည်။

အဆိုပါ စမတောင်တော် ပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်မှ မိဘမဲ့ ကလေးငယ်များ၏ လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရေးအတွက် စမတောင်တော် ဆရာတော် ဘဒ္ဒန္တÓဏိန္ဒ ထံသို့ အလှူငွေကျပ် ၉၅ဝဝဝ ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

စမတောင် ပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယျာဉ်သည် နေပြည်တော် လယ်ဝေးမြို့နယ် သာဝတ္ထိ မြို့နှင့် လေးမိုင်ခန့်ကွာဝေးပြီး အလယ်ရိုးမ စမတောင်တော်ပေါ်တွင်တည်ရှိပြီး ၁၉၉ဝ ပြည့်နှစ်မှစကာ စမတောင်တော် ဆရာတော် ဘဒ္ဒန္တဝိမလနှင့် ဘဒ္ဒန္တÓဏိန္ဒတို့က ရင်ခွင်မဲ့ ကလေး များ၊ ဘဝချို့တဲ့နေရှာသော ကလေးသူငယ်များအား ပြုစုပျိုးထောင် ပေးရန်အတွက် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်ကို ကလေးငယ် လေးဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ ယခုပြုစုပျိုး ထောင်ပေးထားသူ ၇၈ဝ ရှိကြောင်း သိရသည်။

၎င်းကလေးငယ်များ စားသောက်ရန်အတွက် တစ်နေ့တာ ချက်ပြုတ်မှုမှာ ဆန်ခုနစ်တင်းခွဲ ကျော်၊ ဆီငါးပိသာကျော်ကုန်ကျကြောင်း၊ ကလေးငယ် များအတွက် အဝတ်အထည်များ၊ ပညာသင် ကြားရေးအထောက်အကူပြု ပစ္စည်းများနှင့် ပြဋ္ဌာန်းစာအုပ်များကိုလည်း တတ်နိုင် သလောက်လှူဒါန်း နိုင်ကြောင်း အဆိုပါပရဟိတ ကျောင်း၏ လက်ကမ်းစာစောင် တွင် ဖော်ပြထားသည်။

အောင်မောင်း(ရာမညမြေ)