အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီအဖွဲ့များအား ကွင်းဆင်းတွေ့ဆုံ

 

အမရပူရ ဇွန် ၅

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ဘုန်းတော်နိုင်ငံ ကျေးရွာပါတီရုံးသို့ သွားရောက်၍ ရပ်/ ကျေးပါတီအဖွဲ့များအား ကွင်းဆင်း တွေ့ဆုံခဲ့သည်။

ထိုသို့ ကွင်းဆင်းတွေ့ဆုံရာတွင် အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်စောမြိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ဘုန်းတော်နိုင်ငံ ကျေးရွာအုပ်စု၊ တပ်ကြီးကျေးရွာအုပ်စု၊ ကြည့်မြင်တိုင် ကျေးရွာအုပ်စု၊ ဆေးအိုးဘို ကျေးရွာအုပ်စု၊ ရဲလွန်းကျော်ကျေးရွာအုပ်စု၊ ဖရဲကျွန်း ကျေးရွာအုပ်စုတို့ရှိ ရပ်/ကျေးပါတီအဖွဲ့ များသည် ပါတီဝင်အင်အားများ ကျစ်လျစ်ခိုင်မာရေး၊ ပါတီဝင်သစ်များ စည်းရုံးရရှိရေး၊ ပြည်သူလူထု အခက်အခဲ များအား တတ်စွမ်းသည့်ဘက်မှ ကူညီဆောင်ရွက်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ မိမိတို့ ပြည်ခိုင်ဖြိုး ပါတီ၏ ဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

သုတ(မန္တလေး)