ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ (၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ပြင်ဦးလွင် အောက်တိုဘာ ၁၈

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ  ပြင်ဦးလွင်ခရိုင် / မြို့နယ်ရုံးတွင် တတိယအကြိမ်ပါတီညီလာခံ ( ၂၀၂၂ ) အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင်  ပြင်ဦးလွင် ခရိုင်/မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနား၌တိုင်းပါတီ ဥက္ကဌ ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် တတိယအကြိမ် ပါတီညီလာခံ ( ၂၀၂၂ )အတွေ့အကြုံများ၊ ပါတီအကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ၊ လူငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ တိုင်းပါတီ ဥက္ကဌ၊

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲများ မန္တလေးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပ

မန္တလေး-အောက်တိုဘာ ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲများကို မန္တလေးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပလျှက်ရှိရာ (၁၂.၁၀.၂၀၂၂)ရက် နံနက် (၁၀း၃၀)နာရီအချိန်တွင် ကျောက်ဆည်ခရိုင်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားမစတင်မီ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)တွင် ပြောကြားခဲ့သော ပါတီဥက္ကဌဦးခင်ရီ၏ အမှာစကား Video file နှင့် ညီလာခံကျင်းပမှုမှတ်တမ်းဓာတ်ပုံများကို တက်ရောက်လာသူများအားပြသခဲ့ပြီး နံနက်(၁၀:၃၀)နာရီ အချိန်တွင် အခမ်းအနားစတင်ကျင်းပခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ

မန္တလေး-အောက်တိုဘာ(၁၁)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်၊ အမရပူရခရိုင် ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရှိပါတီကော်မတီဝင်များအား တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားမစတင်မီ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)တွင်ပြောကြားခဲ့သော ပါတီဥက္ကဌဦးခင်ရီ၏ အမှာစကား Video file နှင့် ညီလာခံကျင်းပမှုမှတ်တမ်းဓာတ်ပုံများကို တက်ရောက်လာသူများအားပြသခဲ့ပြီး နံနက်(၉)နာရီ အချိန်တွင် အခမ်းအနားစတင်ကျင်းပခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များ တွေ့ဆုံပွဲကျင်းပ

မန္တလေး၊ ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များတွေ့ဆုံပွဲကို ဩဂုတ်လ (၁၆) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မန္တ​လေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးရှိ ပါတီခန်းမတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းနှင့် အကြမ်းဖက်သမားများ၏ လုပ်ကြံမှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသော ပါတီဝင်များနှင့် မိသားစုဝင်များအား အောက်မေ့သတိရသည့်အနေဖြင့်၂ မိနစ် ငြိမ်သက်ခြင်းများဖြင့် အခမ်းအနားအားစတင်ခဲ့ပါသည်။

ပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ရပ်ကွက်များသို့ လုပ်အားပေးကူညီဆောင်ရွက်

သြဂုတ် ၆၊ ပြင်ဦးလွင်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် (၆-၈-၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်ကြီး (၁/၂/၆)အတွင်း သန့်ရှင်းရေးနှင့် ဂဲလောင်ချောင်း ရေစီးရေလာ ကောင်းမွန်ရေးသန့်ရှင်းရေးအတွက် စုပေါင်းလုပ်အားပေးမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါဆောင်ရွက်မှုကို ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဟိန်းမင်းဦးနှင့် ခရိုင်ကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းဇော်နှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်များမှ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

သြဂုတ် ၇၊ ပြင်ဦးလွင်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့ နံနက် ၀၈၀၀ နာရီအချိန်တွင် ပြင်ဦးလွင်မြို့ တိပိဋကမဟာဂန္တဝင်ဓမ္မရိပ်သာကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပါတီဗဟိုတိုင်ပင်ခံ ဦးရဲမြင့် ပြင်ဦးလွင်ရေဘေးသင့်ပြည်သူများ သွားရောက်ကူညီ

ပြင်ဦးလွင် ဩဂုတ် – ၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် ပြင်ဦးလွင်ရေဘေးသင့်ပြည်သူများကို သွားရောက်ကူညီခဲ့ကြောင်းသိရသည်။

ပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးကူညီမှု ဒုတိယနေ့တွင် ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်းကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဠ ဦးဟိန်းမင်းဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဇော်နှင့် ကော်မတီဝင်များသည် ပြင်ဦးလွင်မြို့ ရေဘေးသင့် ပြည်သူများအား ထမင်းဗူး၊ ရေသန့်ဗူး၊ ခေါက်ဆွဲခြောက်များ ဆက်လက်၍ သွားရောက်လူဒါန်းခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလ တာဝန်ထမ်းဆောင်ခဲ့ကြသော အသင်းဝင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်

(၃၀.၇.၂၀၂၂)ရက်နေ့နံနက်(၁၀း၀၀)အချိန်တွင်မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီးအတွင်မြို့နယ်(၂၈)မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလတာဝန်ထမ်းဆောင်ခဲ့ကြသောအသင်းဝင်များ တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအား နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် ပါတီဝင်များ၊ ပါတီမိသားစုများ၊ ဝန်းရံသူများအား သတိရအောက်မေ့သည့် အနေဖြင့် ၂ မိနစ် ငြိမ်သက်ခဲ့ပြီးနောက် အခမ်းအနားအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ပါသည်။

ပြင်ဦးလွင်ပြည်ခိုင်ဖြိုး ကူညီကယ်ဆယ်ရေး

ပြင်ဦးလွင် ဇူလိုင် – ၃၁

ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ​ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဟိန်းမင်းဦး ဦးဆောင်၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဇော်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများအားလုံး ဝိုင်းဝန်းစုပေါင်း၍ ရေဘေးသင့် ပြည်သူများ သွားရောက်ကူညီကယ်ဆယ်ခြင်း၊ ထောက်ပံ့ခြင်း၊ ထမင်းဗူးများသွားရောက်လှူဒါန်းခဲ့ပါသည်။


ပြင်ဦးလွင်ပြည်ခိုင်ဖြိုးက (ဆဌမ)အကြိမ်ဗဟိုကော်မတီအစည်းဝေးအတွေ့အကြုံရှင်းလင်း

ပြင်ဦးလွင် ဇူလိုင် ၁၈

ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဆဌမ)အကြိမ်ဗဟိုကော်မတီအစည်းဝေး၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ထပ်ဆင့်ရှင်းလင်းပွဲနှင့် မြို့နယ်ကော်မတီဝင်များလပတ်ညှိနိုင်းတွေ့ဆုံပွဲကို ဇူလိုင်လ ၁၇ ရက်က ကျင်းပပြုလုပ်ခဲ့သည်။