မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပရဟိတသူရဲကောင်း ဆုချီးမြင့်ပွဲ တက်ရောက်

 

မြစ်သား ဇွန် ၎

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရစ်ကန်ကျေးရွာအုပ်စုနေ ဦးရွှေအောင်အား ပရဟိတသူရဲကောင်း ဆုချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈နာရီခွဲက ကျေးရွာအုပ်ချုပ်ရေးမှူး ရုံး၌ ကျင်းပသည်။

အဆိုပါ ပရဟိတသူရဲကောင်း ဆုချီးမြှင့်ပွဲတွင် ကျောက်ဆည်ခရိုင် ပါတီအတွင်းရေးမှူး ဦးစန်းမြင့်က ပရဟိတ ဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားကာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်က ပရဟိတ ဆုပေးရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး ပရဟိတဆုအား ကျောက်ဆည်ခရိုင် ပါတီအတွင်းရေးမှူး ဦးစန်းမြင့်က ဆုချီးမြင့်ကာ ဦးရွှေအောင်က ဆုလက်ခံ ရယူခဲ့သည်။

ဆက်လက်ပြီး ဦးရွှေအောင်က ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားအား နံနက် ၉ နာရီခွဲ တွင်အောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။ရွှေအောင်