အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် ရေနွေးကြမ်းစကားဝိုင်းသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် တက်ရောက်

 

မန္တလေး မေ ၁၄

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် အုပ်စက်ရပ်ရှိ ရပ်ကွက်ပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝနာရီမှ ၁၁ နာရီထိ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမျိုးမြင့် တက်ရောက် ဆွေးနွေးခဲ့သည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ အခက်ကြုံနေသည့် ကျေးရွာများသို့ ပြည်ခိုင်ဖြိုးပါတီမှ သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်း

 

ညောင်ဦး မေ ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ရာသီဥတု အပူချိန်မြင့်တက်နေမှုကြောင့် မြို့နယ်အတွင်းရှိ အညာကျေးလက် ဒေသများတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ နေရကြောင်းသိရသဖြင့် ယမန်နေ့ နံနက်ပိုင်းက ညောင်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်နယ်မြေ တာဝန်ခံ၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ ပူးပေါင်းအဖွဲ့က ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ကျေးလက်မီးလင်းရေးအတွက် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်မှုဖြင့် အလှူငွေများ ပေးအပ်လှူဒါန်း

 

မေ ၁၂၊ ပျော်ဘွယ်

ပျော်ဘွယ်မြို့နယ်မှာရှိတဲ့ ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေတဲ့ 33 KV ဓာတ်အားလိုင်း ကျေးရွာမီးလင်းရေးအတွက် ကျန့်ကြာနေတာကြောင့် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး အလှူငွေပေးအပ် လှူဒါန်းပွဲကို အမေထိန်းခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆိုင်းဘုတ်တင် အခမ်းအနားနှင့် ရေနွေးကြမ်း စကားဝိုင်းပြုလုပ်

 

ပုသိမ်ကြီး မေ ၁၂

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒဟတ္တောကျေးရွာ ပါတီ ဥက္ကဋ္ဌ ဦးမင်းသန်းဦး၏ နေအိမ်တွင် ယမန်နေ့ နံနက်က ဆိုင်းဘုတ်တင် အခမ်းအနားနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးကျော်ခိုင် (နယ်မြေမှူး)၊ ဦးအောင်ကျော်မျိုးမင်း (လူငယ်တာဝန်ခံ)၊ ရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးမင်းသန်းဦးနှင့် ပါတီကော်မတီဝင်များ၊ ပါတီကေဒါများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နယ်မြေကွင်းဆင်း ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်

 

ပုသိမ်ကြီး မေ ၉

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကျော်မြိုင်၊ ဦးမြင့်ထွေး (နယ်မြေမှူး) တို့သည် ယမန်နေ့ နံနက်က အုန်းချောကျေးရွာ ပါတီရုံးတွင် ကျေးရွာပါတီခေါင်း ဆောင်ဦးဇော်ငြိမ်းနှင့် ပါတီကော်မတီဝင်များ၊ ပါတီကေဒါများ၊ ရပ်မိရပ်ဖများနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ပြီး လက်ရှိဖြစ်ပေါ်နေ သောနိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး အခြေအနေများကို ပွင့်ပွင့်လင်း လင်းဆွေးနွေး ခဲ့ကြသည်။

မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်/ရပ်ကွက်ကျေးရွာ ပါတီကော်မတီဝင်များ လပတ်အစည်းဝေးနှင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနား ကျင်းပ

 

မေ(၆)၊မတ္တရာ သုတ

ပြင်​ဦးလွင်​ခရိုင်၊​ မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယ​မန်နေ့ နံနက်​ ၉ နာရီ ၃၀ မိနစ်​မှ ည​နေပိုင်းအထိ မြို့နယ်​ပါတီ၏ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်/ ရပ်ကွက်ကျေးရွာ ပါတီကော်မတီဝင်များ လပတ်အစည်းဝေးနှင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်​ ခဲ့သည်။ အခမ်းအနားကို နိုင်​ငံ​တော်​သီချင်း သံပြိုင်​သီဆို၍ နိုင်​ငံ​တော်​အလံအား အ​လေးပြုဖွင့်​လှစ်​ပြီး​နောက်​ ပါတီ ဗဟိုအလုပ်​အမှု​ဆောင်​ တိုင်း​ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​မှ အဖွင့်​အမှာစကား ​ပြောကြားခဲ့သည်​။

ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီနယ်မြေ ကွင်းဆင်း ရေနွေးကြမ်းစကားဝိုင်းနှင့် ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်

 

ပုသိမ်ကြီး မေ ၆

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးအောင်ကျော်မျိုးမင်း၊ ဦးကျော်ခိုင် (နယ်မြေမှူး) တို့သည် ယမန်နေ့ နံနက်ပိုင်းတွင် ဒဟတ္တောကျေးရွာအုပ်စု သရက်ကိုင်းကျေးရွာ ဓမ္မဝိဟာရ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဦးဓမ္မပါလ အားလှူဖွယ်ခြင်း ဆက်ကပ် လှူဒါန်းပြီး သြဝါဒခံယူကာ ကျောင်းတွင်းရှိ ဓမ္မာရုံတွင် ကျေးရွာပါတီ ခေါင်းဆောင် ဦးခင်မောင်ဦးနှင့် ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။

ဗုဒ္ဓရင်သွေးယဉ်ကျေးလိမ္မာ ဓမ္မစကူးလ် မွမ်းမံသင်တန်းအောင်ပွဲ ဆုပေးပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်သို့ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ လှူဒါန်း

 

မိတ္ထီလာ မေ ၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အိုင်ကြီးလည်ကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ရွာသစ်ကျေးရွာတို့ ကိုးကွယ်သော ဓမ္မရက္ခိတကျောင်းတိုက် ဦးစီးပဓာန နာယက သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တသောဘဏ တပည့်သံဃာတော်များ၊ သင်ကြားစီမံ သီလရှင်ဆရာလေးများနှင့် ဒေါ်လှလှဦး (သစ္စာပန်းခိုင်ယဉ်ကျေးလိမ္မာ) တို့က ဦးစီးဖွင့်လှစ်သော ဗုဒ္ဓရင်သွေးယဉ်ကျေးလိမ္မာ ဓမ္မာစကူးလ်၏ စတုတ္ထအကြိမ် မွမ်းမံသင်တန်း အောင်ပွဲနှင့် ဆုပေးပွဲ နိဗ္ဗာန်ဈေးပွဲ တော်ကို ယမန်နေ့ နံနက် ၇ နာရီမှ ၁၁ နာရီထိ ကျင်းပခဲ့သည်။