မိတ္ထီလာမြို့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းသို့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် စာအုပ်များ လှူဒါန်း

 

မန္တလေး ဇွန် ၆

မိတ္ထီလာမြို့ စက်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အလှူရှင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မိုးနှင့်ဇနီး ဒေါ်ချယ်ရီစိုးသိမ်း မိသားစုက ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာ၊ အဖြူအစိမ်းအဝတ် အထည်၊ မုန့်သရေစာများအား ယမန်နေ့ နံနက် ၉ နာရီက လှူဒါန်းခဲ့သည်။

ရှေးဦးစွာ စက်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ ဦးစီးပဓာနနာယက ဆရာတော်ဦးနန္ဒာ စရိယထံမှ သြဝါဒ တရားနာယူပြီး လှူဒါန်းမှု အစုစုကို ရေစက်သွန်းချ အမျှပေးဝေသည်။ ထို့နောက် ဘက ကျောင်းသား ကျောင်းသူ ၂၈ဝ တို့အား ဗလာစာအုပ်များ၊ အဝတ်အထည်များ၊ မုန့်ပဲသရေစာများ ဝေငှခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ အလှူရှင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မိုးနှင့် ဇနီး ဒေါ်ချယ်ရီ စိုးသိမ်း မိသားစုနှင့်အတူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်း၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးလွင်၊ အတွင်းရေးမှူး ဦးချစ်ထွေးနှင့် ကော်မတီဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)