တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် ရပ်ကွက် ပါတီပုံမှန်အစည်းအဝေး ကျင်းပ

 

မန္တလေး ဇွန် ၅

မြင်းခြံခရိုင် တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂နာရီအထိ မြို့နယ်ပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ပါတီ ကော်မတီလစဉ်ပုံမှန် အစည်းအဝေးကို ကျင်းပ ခဲ့သည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးမြတ်သူ၊ မြင်းခြံခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင်၊ တောင်သာ မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းညွန့်တို့က ဆွေးနွေးပြောကြားပြီး မြို့နယ်ပါတီ ကော်မတီဝင်များက နယ်မြေဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ရပ်ကွက်ကျေးရွာ ပါတီကော်မတီဝင်များက မိမိတို့ကျေးရွာ အခြေအနေများကို တင်ပြဆွေးနွေး ခဲ့ကြ ပြီးနောက် တင်ပြချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း တင်ပြ၍ တိုင်းဒေသကြီး စည်းရုံးရေး တာဝန်ခံ ဦးတင့်လွင်ဦးက စည်းရုံးရေးအခြေအနေများရှင်း လင်းပြောကြားကာ တိုင်းဒေသကြီး ပါတီကော်မတီဝင် မြင်းခြံခရိုင်နယ်မြ တာဝန်ခံ ဦးမြတ်သူက နိဂုံးချုပ်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များဖြစ်ကြသော မြင်းခြံခရိုင် ပါတီနယ်မြေ တာဝန်ခံ ဦးမြတ်သူနှင့် စည်းရုံးရေး တာဝန်ခံ ဦးတင့်လွင်ဦး၊ မြင်းခြံခရိုင် ပါတီဥက္ကဋ္ဌ ဦကျော်တင်၊ ခရိုင်အတွင်းရေးမှူး ဦးမျိုးကျော်ဇင်၊ တောင်သာမြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်၊ မြို့နယ်အတွင်းရေးမှူး ဦးသန့်ဇော်ဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု ၈၃ စုမှ ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)