ပုသိမ်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးအစည်းအဝေးပြုလုပ်

 

ပုသိမ်ကြီး ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီးပုသိမ် ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေး ပါတီကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ သည်။
ယင်းအခမ်းအနားသို့ မြို့နယ် အတွင်းရေးမှူး ဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူးဦးဝင်းနိုင်နှင့် ပါတီ ကော်မတီဝင်များ၊ ကျေးရွာပါတီ ဥက္ကဋ္ဌများနှင့်ပါတီ ကော်မတီဝင် များ တက်ရောက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲ ကျင်းပပြုလုပ်

 

ဧပြီ- ၂၅
မန္တလေး

မန္တလေးတိုင်းဒေသကြီးရှိ တိုင်းဒေသကြီးပါတီရုံးခန်းမတွင် ယနေ့ မနက်(၉း၀၀) အချိန်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင် ပါတီဗဟိုကော်မတီဝင် ဗဟိုလူငယ်ရေးရာကော်မတီအဖွဲ့ဝင် ဒေါက်တာနန္ဒာလှမြင့်၊ ဗဟိုကော်မတီဝင် ဗဟိုလူငယ်ရေးရာကော်မတီအဖွဲ့ဝင် ဒေါ်ကျော့ယဉ်ဝင်းနှင့် တိုင်းလူငယ်တာဝန်ခံ ဒေါ်သိင်္ဂီအောင်တို့ တက်ရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဌများ လူငယ်ပါတီဝင်များ စုစုပေါင်းအင်အား(၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

လူငယ်တွေ့ဆုံပွဲ မိတ္ထီလာခရိုင် အစည်းအဝေးခန်းမတွင် ကျင်းပ

 

မိတ္ထီလာ ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့ နန်းတော်ကုန်းရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ မိတ္ထီလာခရိုင်အစည်းအ ဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လူငယ်တွေ့ဆုံပွဲကျင်းပခဲ့သည်။ လူငယ်တွေ့ဆုံပွဲကိုမိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊ လူငယ်ရေးရာခေါင်းဆောင်များနှင့် လူငယ်များ စုစုပေါင်း ၇ဝ တက် ရောက်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဇီဝိတဒါနသွေးအလှူရှင်များအသင်း နှစ်သစ်ကူးအကြိုစုပေါင်းသွေးလှူဒါန်း

 

ကျောက်ဆည် ဧပြီ ၁၁

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဇီဝိတဒါန သွေးလှူရှင်များအသင်းမှ ဦးစီး၍ နှစ်သစ်ကူးအကြို စုပေါင်းသွေးလှူ ဒါန်းပွဲကို ယမန်နေ့ နံနက် ၈ နာရီ ခွဲက ကျောက်ဆည်မြို့ ခုတင် ၂ဝဝဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသွေးလှူဘဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီမှ သင်္ကြန်တွင် ဖြိုးမန္တလာမိသားစု ရေကစားမဏ္ဍပ်ဖြင့် ဖျော်ဖြေမည်

 

မန္တလေး ဧပြီ ၁၁

မန္တလေးမြို့ချမ်းအေးသာစံ မြို့ နယ် ၇၃ လမ်း၊၂၇ လမ်းနှင့် ၂၈ လမ်းကြားမန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီရုံးရှေ့မျက်နှာစာတွင်တိုင်း ဒေသကြီးပါတီမှသင်္ကြန်တွင် ယခုလ ၁၃ ရက်မှ ၁၆ရက်အထိ မန္တလေး မြို့ခံပြည်သူများအား ဖြိုးမန္တလာ မိသားစုရေကစား မဏ္ဍပ်ဖြင့် ကပြ ဖျော်ဖြေ ရေကစားသွားမည်ဖြစ် ကြောင်း သိရသည်။

ကျောက်ပန်းတောင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းရှင်းလင်း

 

ကျောက်ပန်းတောင်း ဧပြီ ၁ဝ

ညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ယမန်နေ့ နံနက် ၁ဝနာရီ မှညနေ ပိုင်းအထိကျောက်ပန်းတောင်းမြို့နယ်ပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာပါတီ ကော်မတီ ဝင်များလပတ်အစည်းအဝေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းသိကောင်းစရာရှင်းလင်းပွဲအခမ်းအနားသို့ ပြည် ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်တက်ရောက်ရှင်းလင်းခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ညောင်ဦးတွင်ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းရှင်းလင်းပွဲသို့ တက်ရောက်

 

ညောင်ဦး ဧပြီ ၉

တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်ကွက်ကျေးရွာပါတီကော်မတီဝင်များလပတ်အစည်းအဝေးနှင့်(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းသိကောင်းစရာဟောပြောပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဌဦးဝင်းမောင်တက်ရောက်

 

၃-၄-၂၀၁၉ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်ကွက်ကျေးရွာပါတီကော်မတီဝင်များလပတ်အစည်းဝေးနှင့်(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းသိကောင်းစရာဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီဥက္ကဌဦးဝင်းမောင်တက်ရောက်ခဲ့သည်။ အခမ်းအနားတွင်တက်ရောက်လာသူများကနိုင်ငံတော်သီချင်းသံပြိုင်သီဆို၍နိုင်ငံတော်အလံအားအလေးပြုခဲ့ပြီး တိုင်းဒေသကြီးပါတီဥက္ကဌဦးဝင်းမောင်ကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌဦးဝင်းကြည်နှင့် စဉ့်ကူးမြို့နယ်ပါတီဥက္ကဌဦးခင်မောင်ဝင်းတို့က ဒေသအခြေအနေများနှင့်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည် ၎င်းနောက်တက်ရောက်လာသည့်မြို့နယ်ပါတီကော်မတီဝင်များနှင့်ရပ်ကွက်ကျေးရွာပါတီဥက္ကဌများ၏တင်ပြချက်များအပေါ်တိုင်းဒေသကြီးပါတီဥက္ကဌဦးဝင်းမောင်မှပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းသိကောင်းစရာဟောပြောပွဲပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးပါတီဥက္ကဌဦးဝင်းမောင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးတင့်လွင်ဦးနှင့်ဦးကျော်စန်းတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းသိကောင်းစရာများကိုဆွေးနွေးဟောပြောခဲ့ကြသည်။

အမရပူရမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ ရပ်​/​ကျေးဆိုင်းဘုတ်​တင်​ပွဲများကျင်းပ

 

ဧပြီလ ၃

(၃.၄.၂၀၁၉)ရက်​​နေ့ နံနက်​(၉)နာရီအချိန်​တွင်​ ဟင်္သာ​ကျေးရွာအုပ်​စု ပါတီဥက္ကဋ္ဌ ဦးယဉ်​​ထွေး၏​နေအိမ်​၌လည်း​ကောင်း၊ (၁၀)နာရီအချိန်​၌ ​ပန်းချီ​ကျေးရွာအုပ်​စုပါတီအမာခံ ဦးရဲမြင့်​​အောင်​၏​နေအိမ်​၌လည်း​ကောင်း ​ကျေးရွာပါတီဆိုင်​ဘုတ်​တင်​ပွဲအခမ်းအနားများကျင်းပပြုလုပ်​ခဲ့ပါသည်​။ အဆိုပါ ရပ်​/​ကျေးပါတီဆိုင်းဘုတ်​တင်​ပွဲအခမ်းအနားများသို့ မန္တ​လေးတိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​(မန္တ​လေးခရိုင်​နယ်​​မြေတာဝန်​ခံ)ဦးမျိုးမြင့်​၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​(အမျိုးသမီး​ရေးရာတာဝန်​ခံ)​ဒေါ်လှလှ​အေး၊ မန္တ​လေးခရိုင်​ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ အမရပူရမြို့နယ်​ပါတီအတွင်း​ရေးမှူး ​ဒေါ်​စောမြိုင်​၊ မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးအဖွဲ့များ၊ ပါတီအမာခံများတက်​​ရောက်​ခဲ့ကြပါသည်။

သောက်ရေအခက်အခဲကြောင့် ပြည်ခိုင်ဖြိုးဦးဆောင်ပြီး ရှေးရေတွင်းဟောင်းကိုပြန်လည်ဆယ်ယူ

 

ပျော်ဘွယ် ဧပြီ ၂

ပျော်ဘွယ်မြို့နယ် မြေနီကုန်း အုပ်စု မြေနီကုန်းရွာနှင့် ညောင်လှ ရွာ၌ သောက်ရေအခက်အခဲဖြစ် ပေါ်နေသဖြင့် ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး ရှေးရေတွင်းဟောင်းကို ပြန်လည် ဆယ်ယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ညောင်လှရွာ၌ ပြုလုပ်ခဲ့ ကြသည်။