မိတ္ထီလာ ဇူလိုင် ၁၀
မန္တလေးတိုင်ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မိတ္ထီလာခရိုင်ပါတီနှင့် မြို့နယ်ပါတီတို့၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့ နေ့လည် (၃)နာရီအချိန်တွင် မိတ္ထီလာခရိုင် ပါတီရုံး၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မိတ္ထီလာမြို့၌ သီတင်းသုံးဝါဆိုတော်မူကြမည့် ကျောင်းတိုက်ကြီး (၁၁) ခုမှ ဆရာတော် (၁၁)ပါး အား ဝါဆိုသင်္ကန်းများ ကပ်လှူပူဇော်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြပါသည်။