မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးခရိုင်အတွင်းရှိမြို့နယ်များမှ ပါတီဝင်လူငယ်များတွေ့ဆုံပွဲ အခမ်းအနားကို ၄-၇-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် သေဆုံးခဲ့ရသည့် ပါတီဝင်များ၊ ပါတီမိသားစုများ၊ဝန်းရံသူများအား သတိရအောက်မေ့သည့်အနေဖြင့် ၂ မိနစ် ငြိမ်သက်ခဲ့သည်။

အခမ်းအနားအစီအစဉ်အရ တက်ရောက်လာကြသော တိုင်း/ခရိုင်/မြို့နယ်များမှ တစ်ဦးချင်း မိတ်ဆက်ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းပါတီကော်မတီဝင် (ခရိုင်နယ်မြေတာဝန်ခံ) ဦးမျိုးမြင့်၊ တိုင်းပါတီ ဘဏ္ဍာရေးမှူး (လူငယ်တာဝန်ခံ) ဒေါ်သိင်္ဂီအောင်တို့မှ နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပြီး တက်ရောက်လာသော မြို့နယ်လူငယ်အဖွဲ့များမှ တင်ပြဆွေးနွေးခဲ့ကြပါသည်။

၎င်းနောက် ခရိုင်လူငယ်တာဝန်ခံမှ ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးပါတီဥက္ကဌမှ နိဂုံးချုပ် အမှာစကား ပြောကြားကား အခမ်းအနားကိုအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

ယနေ့တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမြင့်သန်း၊ ခရိုင်ပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ဥက္ကဌများ၊ လူငယ်တာဝန်ခံနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။