ပါတီရှေ့လုပ်ငန်းစဉ်များထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်

 

(၁၇-၆-၂၀၂၂)ရက် နံနက်(၁၀:၀၀) နာရီမှ(၁၃:၀၀)အချိန်ထိ မိတ္ထီလာခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဆဌမအကြိမ် ဗဟိုကော်မတီအစည်းအဝေး(၂၀၂၂)မှချမှတ်ခဲ့သော ပါတီရှေ့လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်ကျော်မိုး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ ဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးရွှေနန်း၊ ဦးမျိုးမြင့်၊ ဒေါ်ဝါဝါလှိုင်၊  မိတ္ထီလာခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဦး၊ အတွင်းရေးမှူး ဦးရဲထွန်းနိုင်နှင့်ကော်မတီဝင်များ၊ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ မလှိုင်မြို့နယ်တို့မှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

ထပ်ဆင့်ရှင်းလင်းပွဲတွင် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ ပါတီဗဟို အလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ တိုင်းပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်နှင့် ဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်တို့မှ ဆဌမအကြိမ်ဗဟိုကော်မတီအစည်းအဝေး(၂၀၂၂)အတွေ့အကြုံနှင့်ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား လည်းကောင်း ပါတီအကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များအားလည်းကောင်း၊ လက်ရှိနိူင်ငံရေးအခြေအနေ နှင့် ပါတီတွင်း စည်းရုံးရေး၊ ပြည်သူလူထုအားစည်းရုံးရေးများဆက်လက်ဆောင်ရွက်သွားရန်တို့ကိုလည်းကောင်း၊ လာမည့် ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်အကြောင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

၎င်းနောက်မိတ္ထီလာခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဦးမှ ဆဌမအကြိမ်ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂)ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သော ပါတီဥက္ကဌ ဦးသန်းဌေး၏ အဖွင့်မိန့်ခွန်းအားဖတ်ကြားရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။