မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၀၂၂-ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည့် တိုင်း/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၏ သားသမီးများအားဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီးမှ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည့် တိုင်း/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၏ သားသမီးများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၈-၇-၂၀၂၂ ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီးပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများ ကြောင့် သေဆုံးခဲ့ရသည့် ပါတီဝင်များ၊ ပါတီမိသားစုများ၊ ဝန်းရံသူများအား သတိရအောက်မေ့သည့်အနေဖြင့် ၂ မိနစ် ငြိမ်သက်ခဲ့သည်။

အခမ်းအနားအစီအစဉ်အရ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှ အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့ကြသည့် တိုင်း/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၏ သား သမီးများအား တာဝန်ရှိသူများမှ ဆုများချီးမြှင့်ခဲ့ကြပါသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာဒေါ်စန်းစန်းနွယ်၊ ပါတီဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဒေါက်တာမောင်သင်း၊ ဦးဝင်းမောင်၊ ဦးမင်းမင်းဇေယျာမြင့်၊ ဒေါ်ခင်ရွှေမြင့်၊ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ တိုင်းပါတီအမျိုးသမီးနာယကအဖွဲ့၊ ခရိုင်/မြို့နယ်ပါတီဥက္ကဌများ၊ ခရိုင်/မြို့နယ်များမှ အမျိုးသမီးရေးရာတာဝန်ခံနှင့်အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။