မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ဆေးရုံရှိ လူနာများအားအာဟာရလှူဒါန်း

 

မအူပင် မေ ၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် မအူပင်မြို့ ခုတင် ၂ဝဝဆံ့ ပြည်သူ့ဆေးရုံတွင်တက်ရောက်ကုသနေသော လူနာ၂ဝဝ ကျော်အတွက် ညနေစာထမင်းတစ်နပ်စာကို ကျွေးမွေးလှူဒါန်းခြင်းအား ယမန်နေ့ ညနေ ၄ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့သွားရောက်လှူဒါန်းရာတွင် မအူပင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် ပါတီကော်မတီဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်လျက်လူနာများကို လက်ရောက်လှူဒါန်းခဲ့ကြသည်။

ဖြိုးမောင်ဇော်(မအူပင်)