(၁၀၉) ကြိမ်မြောက် ရန်အောင်မြင် ရွှေဘုံသာမြို့နယ်လုံးကျွတ် သံဃာ့ ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲ

 

အိမ်မဲ ပြည်ခိုင်ဖြိုး မိသားစု မှ 23-4-2017 (တနင်္ဂနွေနေ့) မွန်းလွဲ ၂ နာရီ အချိန်က (၁၀၉) ကြိမ်မြောက် ရန်အောင်မြင် ရွှေဘုံသာ မြို့နယ်လုံးကျွတ် သံဃာ့ ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၌ ဘုန်းတော်ကြီးကျောင်း ၁၇၅ ကျောင်း ၊ သီလရှင်စာသင်တိုက် ၇ တိုက်မှ သံဃာ ၁၀၆၄ ပါးနှင့် သီလရှင် ၇၄ ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြပါသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြို့နယ်ပါတီ ဥက္ကဌ ဦးခင်မောင်ဝင်း ၊ အတွင်းရေးမှူ ဦးဇွဲမာန်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ၊ ပါတီဝင် များ တက်ရောက်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ မှ ဆွမ်းဆန် ၁၁ အိတ် လောင်းလှူ ခဲ့ကြောင်း ၊ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား နှစ်စဉ်သင်္ကြန် အတက်နေ့၌ ကျင်းပမြဲဖြစ်သော်လည်း ယခုနှစ် သင်္ကြန်ကာလတွင် ရာသီဥတု ဆိုးရွားသဖြင့် ဧပြီလ ၂၃ ရက်နေ့သို့ ရွှေ့ပြောင်းကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

USDP Einme