နေပြည်တော်တွင် ဘင်္ဂါလီအရေး ရှုတ်ချကန့်ကွက်ပွဲပြုလုပ်

 

နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြား(NVC)ကတ်ဖြင့် ဘင်္ဂါလီများအား လွတ်လပ်စွာသွားလာခွင့်ပြုခဲ့ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ ပြည်သူများက စုပေါင်းကန့်ကွက်ရှုတ်ချပွဲကို နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာကွင်း၌ ယနေ့နံနက် ၈ နာရီတွင် ပြုလုပ်ခဲ့သည်။

ကန့်ကွက်ရှုတ်ချပွဲတွင် နိုင်ငံ တော်အလံအား အလေးပြု၍ နိုင်ငံ တော်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့် လှစ်ခဲ့သည်။ ထို့နောက် ပျဉ်းမနား မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ယဉ်မင်းမြင့်ဆွေနှင့် ကျူရှင် ဆရာ ဦးသန်းထိုက်လင်းတို့က ဟောပြောခဲ့ကြသည်။ ဟောပြော ချက်များမှာ ”တိုင်းရင်းသားအရေး ထက် ဘင်္ဂါလီအရေးကို ဦးစားပေး သည့်အစိုးရ”၊ ”NVC ကတ်ကိုင် ဆောင်ခရီးသွားလာခြင်းကို တစ် ယောက်တစ်မျိုး ရှေ့နောက်မညီ ပြောဆိုသည့်ကိစ္စ”၊ ”အချုပ် အခြာအာဏာပိုင် နိုင်ငံအပေါ် မတရားစွက်ဖက်အနိုင်ကျင့်ခံရသည့် ကိစ္စ”စသည်တို့ဖြစ်သည်။

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲ သည်ပြည်ထောင်စုနယ်မြေအတွင်း ရှိ ပြည်သူများက လက်ရှိအစိုးရ၏ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းပြောဆိုဆောင်ရွက် ချက်များအပေါ် မကျေနပ်၍ အမျိုး သားရေးအသိဖြင့်စုပေါင်းဆန္ဒထုတ် ဖော်ကန့်ကွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကန့်ကွက် ရှုတ်ချ ပွဲအား မည်သည့်အဖွဲ့အစည်း မည် သူတစ်ဦးတစ်ယောက်၏ တိုက် တွန်းလှုံ့ဆော် ဦးဆောင်မှုမှမပါဘဲ အမျိုးသားရေး နိုးကြားတက်ကြွ သူများက ပူးပေါင်းပါဝင်ဆောင် ရွက်ကြခြင်းဖြစ်သည်။

ကန့်ကွက်ရှုတ်ချပွဲအား ဇာတိ မာန်သီချင်းသံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့ ကြပြီး ပြည်သူလူထုအင်အား ၆ဝဝ ခန့် တက်ရောက်ကြကြောင်း သိရ သည်။

မိုးဇော်(နေပြည်တော်)