ပြည်ခိုင်ဖြိုးပါတီ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပါတီဥက္ကဋ္ဌ တက်ရောက်

ဇူလိုင် ၇၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ပါတီဌာနချုပ်ဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသစ်ပင်စိုက်ပွဲသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ပါတီဥက္ကဋ္ဌများ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဦးစီးဌာနရုံးများမှ ဌာနမှူးများ၊ ရုံးအဖွဲ့ဝင်များနှင့် မိသားစုများတက်ရ​ောက်ကြပြီး မိမိတို့နေရာအလိုက် သစ်ပင်များအားစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။