ယူကရိန်းသည် နေတိုးအဖွဲ့ဝင်အဖြစ် ထိုက်တန်သည်ဟု တူရကီသမ္မတ က ပြောကြား

ဇူလိုင် ၉

လာမည့်သီတင်းပတ်တွင် လစ်သူယေးနီးယားတွင်ကျင်းပမည့် အဓိကထိပ်သီးအစည်း အဝေးမတိုင်မီ အခြားနိုင်ငံများမှ မဟာမိတ်အဖွဲ့ဝင်ဖြစ်ရန် ပြတ်သားသောလမ်းကြောင်းကို ကိယက်ဗ်က ဆက်လက်တောင်းဆိုနေသဖြင့် ယူကရိန်းသည် နေတိုးအဖွဲ့ဝင်ရန် ထိုက်တန်ကြောင်း တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်က ပြောကြားခဲ့သည်။

စနေနေ့က အစ္စတန်ဘူလ်တွင် ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးနှင့် တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အာဒိုဂန်က အန်ကာရာသည် ကိယက်ဗ်နှင့် စည်းလုံးညီညွတ်မှုကို ပြသခဲ့ပြီး ခိုင်မာသောအကူအညီများ ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းသည် နေတိုးအဖွဲ့ဝင်အဖြစ် ထိုက် တန်ကြောင်း သံသယဖြစ်ဖွယ် မရှိကြောင်း ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
အာဒိုဂန်၏ ပံ့ပိုးကူညီမှုအား လေ့လာသိရှိခွင့်ရသည့်အတွက် ကျေနပ်မိကြောင်း Zelensky က ပြောကြားခဲ့ပြီး ၎င်းတို့တွေ့ဆုံမှုအတွင်း ယူကရိန်း၏ NATO သို့ ဖိတ်ကြားမှုဆိုင်ရာ ကိစ္စရပ်ကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။

#PAN