ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိတ်ဆက်

 

အမည် – ဦးစိုင်းကံ
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – စစ်ကိုင်းရွာသစ်ကြီး ဖွံ့ဖြိုးရေးသိပ္ပံ(ဆင်း)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – မိုင်းရှူးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်

ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းကံ၏ ကိုယ်ရေးအကျဉ်း
******************************
၁၉၆၉ ခုနှစ် မေ ၆ ရက်တွင် အဖ ဦးဆန်းသြ၊ အမိ ဒေါ်နိုင်းမတ်တို့မှ မွေးဖွားခဲ့သည်။

ရှမ်းလူမျိုး ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်သည်။

ဇနီးအမည်မှာ ဒေါ်နန်းခမ်းလီဖြစ်ပြီး ရပ်ကွက်(၂) မိုင်းရှူးမြို့ ရှမ်းပြည်တောင်ပိုင်းတွင် နေထိုင်ပါသည်။

ဆောင်ရွက်ခဲ့သောအဖွဲ့အစည်းနှင့် လူမှုရေးလုပ်ငန်းများ
ဦးစိုင်းကံသည် အမကမိုင်းအော့ (တွဲအထက) မိုင်းရှူး ဖွံ့ဖြိုးရေးသိပ္ပံ စစ်ကိုင်း(ရွာသစ်ကြီး) တို့တွင် ပညာ သင်ကြားခဲ့သည်။

တာဝန်ခံကျောင်းအုပ်၊ ကျောင်းအုပ်ကြီး (မိုင်းအော့ကျေးရွာအမက) တို့တွင် တာဝန်ထမ်းဆောင် ခဲ့ဖူးသည်။ မြို့နယ်၊ ရပ်ကွက် သာရေး၊ နာရေးများ ပါဝင် ဆောင်ရွက် လျက်ရှိသည်။

အမှန်တကယ်ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုးကိုမဲပေးစို့။