ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်များတင် ရေနွေးကြမ်းစကားဝိုင်းဖွဲ့ဆွေးနွေး

 

14 February 2019

ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီဆိုင်း ဘုတ်တင်အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် ကညင်ကောက်ကျေးရွာအုပ်စုတွင် ကျင်းပခဲ့သည်။

ဆိုင်းဘုတ်တင်ပွဲများသို့ ဟင်္သာတမြို့ နယ်တာဝန်ခံခရိုင်ပါတီကော်မတီဝင်ဒေါ်တင် မြင့်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌဦးခင်ဦး၊ နယ် မြေခံ ပါတီကော်မတီဝင်များ လိုက်ပါ၍ ကညင်ကောက်ကျေးရွာအုပ်စု၌လည်းကောင်း၊ နံနက် ၁ဝ နာရီခွဲတွင် ငါးဖယ်ထူကျေးရွာ အုပ်စုတို့တွင်လည်းကောင်း ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်များအသစ်တင်ခဲ့ပြီး အမာခံ ပါတီဝင်များ၊ ပြည်သူများနှင့် ရေနွေးကြမ်း စကားဝိုင်းဖွဲ့ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

လှမင်း(ဟင်္သာတ)