မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဟောပြောပွဲကျင်းပ

 

မအူပင် စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင်မအူပင်မြို့နယ်ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း၊ မြန်မာ (ဧရာဝတီတိုင်းဒေသကြီး အသင်း ခွဲ)တို့ပူးပေါင်းလျက် မူးယစ်ဆေး ဝါးနှင့်ပတ်သက်သည့်ဟောပြောပွဲ ကို ယနေ့နံနက် ၉ နာရီခွဲက မအူ ပင်မြို့ အစိုးရနည်းပညာအထက် တန်းကျောင်း ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲ၌ မအူပင် ခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဘဝင်းက အဖွင့်အမှာစကားပြော ကြားခြင်း၊ မအူပင်မြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးခင်မောင်လွင်က လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးအကြောင်း ဆွေးနွေးခြင်း၊ ဖျာပုံခရိုင် မူးယစ် တပ်ဖွဲ့စု(၅ဝ)မှ ဒုရဲမှူးညီညီလွင် က မူးယစ်ဆေးဝါးအကြောင်း ဆွေးနွေးခြင်း၊ မအူပင်ခရိုင် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဘဝင်းက သက်ငယ်မုဒိမ်းအကြောင်းဆွေး နွေးခြင်း၊ မူးယစ်ဆေးစွဲသူများ ပြန် လည်ထူထောင်ရေးအသင်း၊ မြန်မာ (ဧရာဝတီတိုင်းအသင်းခွဲ) ဥက္ကဋ္ဌ ဦးဝင်းဌေးက ကလေးသူငယ်အခွင့် အရေးနှင့် အမျိုးသမီးအကြမ်းဖက် မှုအကြောင်း ဆွေးနွေးပြောကြား ခြင်း၊ မအူပင်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းမှကျောင်းအုပ် ဆရာကြီးဦးမျိုးမင်းဟန်က ကျေးဇူး တင်စကား ပြန်လည်ပြောကြား ခြင်းများဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ တာဝန် ရှိသူများနှင့်အတူ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးရန်နိုင်နှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဦးခင်မြင့်နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)