ချမ်းမြသာစည်မြို့နယ် ပါတီမျက်နှာစုံညီစည်းဝေး

ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမျက်နှာစုံညီ အစည်းအဝေးကို တိုင်းဒေသကြီး ပါတီရုံးအစည်း အဝေးခန်းမတွင် ယခုလ ၂၄ ရက် မွန်းလွဲ ၁ နာရီကကျင်းပရာ ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးရဲမြင့်တက်ရောက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ အမရပူရမြို့နယ်ပါတီ မျက်နှာစုံညီ သို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမျက်နှာစုံညီ အစည်းအဝေးကို မှန်တန်းရပ်ကွက် အေးမေတ္တာ ခန်းမတွင် ဇွန်လ (၂၅) ရက် မွန်းလွဲ (၁) နာရီက ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဦးရဲမြင့် တက်ရောက်ခဲ့သည်။

မဟာအောင်မြေပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ပါတီမျက်နှာစုံညီအစည်းအဝေးကို ယနေ့ ( ဇွန်လ ၂၄ ရက်) နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီ ရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီး ပြန်လည် ရွေးချယ်ဖွဲ့စည်းရေး ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများ တက်ရောက်အားပေး ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ မြင်းခြံခရိုင်နှင့် လေးမြို့နယ်မှ ကော်မတီဝင်များနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးရဲမြင့်သည် တိုင်းပါတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ စည်းရုံးရေးတာဝန်ခံ ဦးအောင်ဇံ၊ ခရိုင်တာဝန်ခံ ဦးမျိုးမြင့်တို့နှင့်အတူ ဇွန်လ (၂၂) ရက် နံနက် (၉) နာရီအချိန်က မြင်းခြံခရိုင်နှင့် လေးမြို့နယ်မှ ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးရုံး အစည်းဝေးခန်းမတွင် တွေ့ဆုံ၍ ဖွဲ့စည်းရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တိုင်းဒေသကြီး ခရိုင်ပါတီဝင်များနှင့်တွေ့ဆုံ

မိတ္ထီလာခရိုင် ရိပ်သာအစည်း အဝေးခန်းမ၌ ဇွန်လ (၁၇) ရက် မွန်းလွဲ ၁၂ နာရီမိနစ်၅ဝမှ ၁နာရီမိနစ်၂ဝအထိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်နှင့် တိုင်းကော်မတီဝင်များ၊ တိုင်းဒေသ ကြီးပါတီမျက်နှာစုံညီအစည်းအဝေး နှင့် ပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးအဖွဲ့ဝင်များမှ ညောင်ဦး ခရိုင်၊ ရမည်းသင်းခရိုင်၊ မိတ္ထီလာ ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် အတွင်းရေးမှူးများ၊ ကော်မတီဝင် များ၊ခရိုင်၊ မြို့နယ်အဆင့် မျက်နှာ စုံညီအစည်းအဝေးနှင့် ပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးအဖွဲ့ ဝင်များအားတွေ့ဆုံခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌဦးသိန်းစိန်နှင့်ဇနီးတို့ ဘုရားဆင်းတုတော် (၅၀၀ )ဆူကို မိတ္ထီလာတွင် လှူဒါန်း

 

မိတ္ထီလာမြို့နယ် ဇွန်လ (၁၆)ရက်နေ့တွင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်းမိသားစု မိတ္ထီလာမြို့အသောကာရုံရေလည်ကျောင်းတိုက်
ပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
သိမ်တောင်နိကာယာဓိပတိဆရာတော်ဘုရားကြီး၏
သက်တော် (၈၇)နှစ်မြောက်မွေးနေ့အလှူတော်မင်္ဂလာအဖြစ်
ယနေ့နံနက်က သံဃာတော်ပါး( ၅၀၀) ကို
ဆွမ်းတော်ကြီးလောင်းလှူခဲ့သည့်အပြင် ဘုရားဆင်းတုတော် ၅၀၀ ဆူကို
ကိုယ်တိုင် ပေးအပ်လှူဒါန်းခဲ့သည်။

ဓါတ်ပုံ-U Ohn Myint


ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး ကေဒါခေါင်းဆောင်တာဝန်ပေးအပ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေး ပါတီကေဒါခေါင်းဆောင် တာဝန် ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ (၁၃) ရက် နံနက် (၉) နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတာဝန်ပေးအပ်ပွဲအခမ်း အနားသို့ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်မြင့်သန်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသန်းထွန်း နှင့် ပါတီကော်မတီဝင် နယ်မြေတာဝန်ခံများ၊ ရပ်/ကျေးပါတီကေဒါ ခေါင်းဆောင်များနှင့် အင်အား(၁၂ဝ) ဦး တက်ရောက်ခဲ့ကြသည်။

နွားထိုးကြီးပြည်ခိုင်ဖြိုးပါတီ မြို့နယ်အဆင့် မျက်နှာစုံညီ ကျင်းပမည်

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဦးဆောင်မှုနှင့် အောက်ခြေပါတီ မျက်နှာစုံညီအစည်းအဝေးများ မေလဆန်းမှ စတင်ကျင်းပ နေရာ ယခုအခါကျေးရွာ၊ ရပ်ကွက် (၇၂) အုပ်စု၌ ပြီးစီးနေပြီဟု မြို့နယ်ပါတီကော်မတီ အတွင်းရေးမှူး ဦးစိုးနိုင်ဝင်းက ပြောသည်။

မြို့နယ်အဆင့်မျက်နှာစုံညီအစည်းအဝေးကို ယခုလအတွင်း ကျင်းပနိုင်ရန်စီစဉ်နေပြီး ကျေးရွာ၊ ရပ်ကွက်မှ ပါတီကိုယ်စားလှယ် (၇၂) အုပ်စုမှ နှစ်ဦးစီ ပါတီဝင် (၁၄၄) ဦး တက်ရောက် ကြမည်ဟု သိရသည်။

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့် မိသားစု တည်ထောင်ထားသော“မြင့်မြတ်ပညာရေးဖေါင်ဒေးရှင်း” ရဲ့ အလှူဒါန

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ဇနီး ဒေါ်မြတ်ငွေ မိသားစုတို့မှ တည်ထောင်ဖွဲ့စည်းထားသော “မြင့်မြတ်ပညာရေးဖေါင်ဒေးရှင်း” မှ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မူလတန်းကျောင်းများသို့ ကျောင်းသုံး ဗလာ စာအုပ်များ သွားရောက်လှူဒါန်း၍ ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရပါသည်။

ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မြို့နယ်၊ ရပ်/ကျေး ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ

13418724_1722703757999745_1385567362315004550_n

နေပြည်တော် ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သရေစည်သူ ဦးလှဌေးဝင်း သည် ဇွန်လ (၈) ရက် နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြုလုပ်သော မြို့နယ်၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။