မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူ

မန္တလေး၊ ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်ရှိ မဟာဝိဇယကျောင်းတိုက်တွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ ဦးသိန်းထွန်းဦး၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း ခရိုင်ကော်မတီဝင် ဦးဝင်းလှိုင်ငြိမ်း၊ ဦးစံရနှင့် မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ကြည်ညိုခဲ့ကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ် ပစ္စည်းများ လောင်းလှူခဲ့ကြပါသည်။