ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွေးနွေးပွဲ တက်ရောက်

 

ဝမ်းတွင်း သြဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပါတီတာဝန်ရှိသူများက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရှေ့လုပ်ငန်း စဉ်နှင့် လမ်းညွှန်မှုများမှာကြား ခဲ့ကြကြောင်း သိရသည်။

မဲဆန္ဒရှင်တွေနဲ့ သွားရောက်တွေ့ဆုံ

 

သြဂုတ် ၂၅၊ ပျော်ဘွယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ်ရှိ ကံတွင်းကျေးရွာနှင့် ဇီးပင်ပေါက် ကျေးရွာမှာရှိတဲ့ မဲဆန္ဒရှင် ပြည်သူများအား ၂၅-၈-၂၀၁၉ ရက်နေ့တွင် သွားရောက်တွေ့ဆုံ ခဲ့ပါသည်။

ကျေးရွာရှိ ပြည်သူများကလည်း လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးရရှိရေး၊ ကျေးရွာချင်းဆက် လမ်းရရှိရေး၊ စာသင် ကျောင်းဆောင် ရရှိရေးများကို တင်ပြခဲ့ကြပြီး လွှတ်တော်အတွေ့အကြုံတွေ ပြန်လည်ရှင်းလင်း ပြခဲ့သလို လွှတ်တော်အတွင်း လျှပ်စစ်မီး ရရှိရေးအတွက် ဆောင်ရွက်ချက်များကိုလည်း မဲဆန္ဒရှင်များနှင့် ပြန်လည် ဆွေးနွေး ခဲ့ပါသည်။

၂၁ ရာစု STEM ပညာရေးမိတ်ဆက်ပွဲ ပျော်ဘွယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်

 

ပျော်ဘွယ်၊ သြဂုတ် ၂၂

Myanmar Robotic ၂၁ ရာစု STEM ပညာရေးမိတ်ပွဲ အခမ်းအနားသို့ ပျော်ဘွယ်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးတင်စိုးနှင့် ဦးမြင့်စိုးတို့ တက်ရောက်ခဲ့သည်။

နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

 

သြဂုတ်(၂၀)၊နွားထိုးကြီး သုတ

နွားထိုးကြီးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ၏ ဝါဆိုသင်္ကန်း ဆက်​ကပ်​လှူဒါန်းပွဲ အခမ်းအနားကို ယ​မန်နေ့နံနက်​ ၁၀ နာရီက မြို့နယ်​ပါတီရုံးတွင်​ ကျင်းပခဲ့သည်​။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တာဝန်ကို ရှင်းပြခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး

 

ပျော်ဘွယ်၊ သြဂုတ် ၎

လွှတ်တော်တော်နားရက်မှာ ပြည်သူ့တစ်ယောက်ရဲ့ တာဝန်ဖြစ်တဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို နားထောင်ဖို့ ဖြေရှင်းပေးဖို့ မျှော်နေတဲ့ ကျေးရွာလူထုဆီသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည့်သူလွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးနှင့် အဖွဲ့မှ သွားရောက်တွေ့ဆုံ ခဲ့ကြပါသည်။

ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံ

 

ပုသိမ်ကြီး ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဇီးအုပ်ကျေးရွာအုပ်စု ကံကြီး ကုန်းကျေးရွာ ပါတီကော်မတီဝင် ဦးအောင်ဇော်ဝင်း၏ နေအိမ်တွင် ယမန်နေ့ နံနက်က တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံပွဲသို့ မြို့နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးကျော်မြိုင် (နယ်မြေမှူး)၊ ကျေးရွာပါတီ ကော်မတီဝင် ဦးအောင်ဇော်ဝင်းနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

တကောင်းမြို့တွင် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းဝေးနှင့် ပါတီဆိုင်းဘုတ်လဲလှယ် တတ်ဆင်ပွဲ ကျင်းပပြုလုပ်

 

ဇူလိုင် ၎

ယမန်နေ့ (၄-၇-၂၀၁၉) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်းမြို့တွင် ရပ်ကျေး ပါတီဥက္ကဌများ စည်းမှူး/ဝင်များ မြို့နယ်ပါတီ ကော်မတီများနှင့် လစဉ်ပုံမှန် အစည်းဝေး ကျင်းပပြုလုပ်ရာ ခရိုင်ပါတီဥက္ကဌ ဦးဝင်းကြည် မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြင့်စိုးl မြို့နယ်ပါတီ ကော်တီဝင် ဦးနန်းဝေ၊ မြို့နယ် ပါတီကော်မတီဝင် ဦးလှိုင်မျိုးဝင်းတို့မှ ပါတီရှေ့လုပ်ငန်းစဉ်များအား တက်ရောက်လာသော ပါတီဝင်များနှင့် ဆွေးနွေး ကြပါသည်။ ဆက်လက်ပြီး တကောင်းမြို့ အမှတ် (၁) ရပ်ကွက် ရပ်ကျေးကော်မတီ အဖွဲ့ဝင် ဦးတင် ထွန်းအောင်၏ နေအိမ်တွင် ပါတီဆိုင်းဘုတ်အား လဲလှယ်တတ်ဆင်ခဲ့ ပါသည်။

ပြည်ကြီးတံခွန်ပြည်ခိုင်ဖြိုးပါတီမှ တိုင်း/ခရိုင်/မြို့နယ်/ရပ်ကွက် လုပ်ငန်းညှိနိုင်း အစည်းအဝေး ကျင်းပ

 

ဇူလိုင် ၎

ယမန်နေ့ (၄.၇.၂၀၁၉) ရက်​​နေ့ နံနက်​ (၁၀း၃၀) နာရီအချိန်​တွင်​ ပြည်​ကြီးတံခွန်​မြို့နယ်​၊ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ တိုင်း /ခရိုင်​/မြို့နယ်​/ရပ်​ကွက်​ ပါတီ​ကော်​မတီများ လုပ်​ငန်းညှိနှိုင်း အစည်းအ​ဝေး ကျင်းပပြုလုပ်သည်။

မဲဆန္ဒရှင်များကို အလုပ်အကျွေးပြုနေသော ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်များ

 

ဇူလိုင် ၄၊ ပျော်ဘွယ်

လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်အစည်းအဝေးများ ရပ်နားထားချိန်တွင် မိမိတို့ရဲ့ မဲဆန္ဒရှင်များ ဆီသို့ အရောက်သွားပြီး အလုပ်အကျွေးပြုကြ ရပါသည်။ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးတို့က ပျော်ဘွယ်မြို့နယ်ရှိ ဒေသခံတွေများ ထံသို့ ကွင်းဆင်းပြီး  ဒေသခံမဲဆန္ဒရှင်များ၏ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေ ရရှိရေး၊ စာသင်ကျောင်းများ ကောင်းမွန်းရေးအတွက် ဒေသခံ တွေရဲ့ အသံကို နားထောင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အပြည်ဖြင့် ဆောင်ရွက်ပေးခဲ့ကြ ပါသည်။

စဉ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပ

 

စဥ့်ကူး ဇူလိုင် ၃

စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက် ၁ဝနာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ၏ လစဉ်ပုံမှန်အစည်းအဝေးကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆို ဖွင့်လှစ်ပြီးနောက် တိုင်းဒေသကြီးပါတီ ကော်မတီဝင် ပြင်ဦးလွင်ခရိုင်နယ်မြေ တာဝန်ခံ ဦးတင့်လွင်ဦး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်ဦးမြတ်သူနှင့် ပြင်ဦးလွင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဝင်းကြည် တို့က အမှာစကားများ အသီးသီးပြောကြား ခဲ့ကြသည်။