ပြည်ကြီးတံခွန်ပြည်ခိုင်ဖြိုးပါတီမှ တိုင်း/ခရိုင်/မြို့နယ်/ရပ်ကွက် လုပ်ငန်းညှိနိုင်း အစည်းအဝေး ကျင်းပ

 

ဇူလိုင် ၎

ယမန်နေ့ (၄.၇.၂၀၁၉) ရက်​​နေ့ နံနက်​ (၁၀း၃၀) နာရီအချိန်​တွင်​ ပြည်​ကြီးတံခွန်​မြို့နယ်​၊ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ တိုင်း /ခရိုင်​/မြို့နယ်​/ရပ်​ကွက်​ ပါတီ​ကော်​မတီများ လုပ်​ငန်းညှိနှိုင်း အစည်းအ​ဝေး ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီ အတွင်း​ရေးမှူး ဦးအောင်​​ကျော်​မိုး၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ မန္တ​လေးခရိုင်​ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ အတွင်း​ရေးမှူး ​ဒေါ်ဝါဝါလှိုင်​နှင့်​ ခရိုင်​ပါတီ​ ကော်​မတီဝင်​များ၊ ပြည်​ကြီးတံခွန်​မြို့နယ်​ ပါတီဥက္ကဋ္ဌ ဦးစိုး​အေး၊ အတွင်း​ရေးမှူး ဦးအောင်​မျိုးခိုင်​နှင့်​​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​ကွက်​ပါတီ​ဥက္ကဋ္ဌများ တက်​​ရောက်​ ခဲ့ကြပါသည်​။

ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီး