တကောင်းမြို့တွင် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းဝေးနှင့် ပါတီဆိုင်းဘုတ်လဲလှယ် တတ်ဆင်ပွဲ ကျင်းပပြုလုပ်

 

ဇူလိုင် ၎

ယမန်နေ့ (၄-၇-၂၀၁၉) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်းမြို့တွင် ရပ်ကျေး ပါတီဥက္ကဌများ စည်းမှူး/ဝင်များ မြို့နယ်ပါတီ ကော်မတီများနှင့် လစဉ်ပုံမှန် အစည်းဝေး ကျင်းပပြုလုပ်ရာ ခရိုင်ပါတီဥက္ကဌ ဦးဝင်းကြည် မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြင့်စိုးl မြို့နယ်ပါတီ ကော်တီဝင် ဦးနန်းဝေ၊ မြို့နယ် ပါတီကော်မတီဝင် ဦးလှိုင်မျိုးဝင်းတို့မှ ပါတီရှေ့လုပ်ငန်းစဉ်များအား တက်ရောက်လာသော ပါတီဝင်များနှင့် ဆွေးနွေး ကြပါသည်။ ဆက်လက်ပြီး တကောင်းမြို့ အမှတ် (၁) ရပ်ကွက် ရပ်ကျေးကော်မတီ အဖွဲ့ဝင် ဦးတင် ထွန်းအောင်၏ နေအိမ်တွင် ပါတီဆိုင်းဘုတ်အား လဲလှယ်တတ်ဆင်ခဲ့ ပါသည်။

ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီး