၂၁ ရာစု STEM ပညာရေးမိတ်ဆက်ပွဲ ပျော်ဘွယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်

 

ပျော်ဘွယ်၊ သြဂုတ် ၂၂

Myanmar Robotic ၂၁ ရာစု STEM ပညာရေးမိတ်ပွဲ အခမ်းအနားသို့ ပျော်ဘွယ်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးတင်စိုးနှင့် ဦးမြင့်စိုးတို့ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းနားတွင် အနာဂတ်ပညာရေးကဏ္ဍ၌ အရေးပါလာမည်ဖြစ်သည့် စက်ရုပ်ပညာရေး အစီအစဉ် အကြောင်း မိတ်ဆက်ရှင်းလင်း ခဲ့သည်။ ၂၁ ရာစု STEM ပညာရေး မိတ်ဆက်ခြင်းအစီအစဉ်ကို My Robot Time Myanmar တည်ထောင်သူ ဦးရဲမြန်မာအောင်နှင့် နည်းပြများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း ပြောကြားခဲ့ပြီး ပျော်ဘွယ်မြို့နယ်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၆ ကျောင်းသို့ သင်ထောက်ကူ စက်ရုပ်ငယ်များ လှူဒါန်းခဲ့ကြသည်။

ထို့ပြင် ဦးရဲမြန်မာအောင်နှင့်အဖွဲ့မှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ပညာရေးကဏ္ဍတွင် အသုံးပြုမည့် စက်ရုပ်ငယ်များဖြင့် စာတွေ့လက်တွေ့ သင်ကြားပြသမှု အစီ အစဉ်အား ပျော်ဘွယ်မြို့ မှန်နန်းဘကကျောင်း၌ ပြုလုပ်ပေးခဲ့သည်။