ပြည်ခိုင်ဖြိုးပါတီက ကျေးလက်နေပြည်သူများအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိ

 

နေပြည်တော် သြဂုတ် ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အခမဲ့နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ ကျေးလက်နေ ပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လိုက်လံကုသဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် သရက်တောအုပ်စု ပိုးစာတောကျေးရွာ ဦးကျော်ခင်နေအိမ် (ရပ်/ကျေးပါတီရုံး) ၌ ကျေးလက်နေပြည်သူ ၁၆၃ ဦးအား အခမဲ့ဆေးဝါးကုသပေးခြင်းများ ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။ အလားတူ ယခင်ရက်များကလည်း မိုးစွေအုပ်စုနှင့် ဘုရားတောင်အုပ်စုမှ ပြည်သူလူထု ၂၉၅ ဦး၊ ယနေ့ ၁၆၃ ဦး၊ ဥတ္တရသီရိမြို့နယ်အတွင်း စုစုပေါင်း ၄၁၈ ဦးတို့အား အခမဲ့ဆေးဝါးကုသ ပေးနိုင်ခဲ့သည်။

ထိုသို့ အခမဲ့ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းကို ပြည်ခိုင်ဖြိုးပါတီ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေါက်တာ မင်းသူ၊ ဒေါက်တာနေမျိုးခိုင်နှင့် ဆေးဝါးကျွမ်းကျင် ဦးအောင်ကိုဦးတို့ အဖွဲ့မှ ဦးဆောင်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ပြည် ထောင်စုနယ်မြေအဖွဲ့၊ နေပြည်တော် ခရိုင်နှင့်မြို့နယ်ပါတီ ကော်မတီအဖွဲ့နှင့် ရပ်/ကျေးပါတီကော်မတီအဖွဲ့ များက ကျေးလက်နေ ပြည်သူများ ကျန်းမာရေးအခမဲ့ စောင့်ရှောက်ပေးခဲ့ကြရာ ကျေးလက်နေပြည်သူများ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြကြောင်း သိရသည်။  အောင်အောင်(နေပြည်တော်)