ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှဦးစီးသော အမျိုးသမီးထုကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်များအား ပြန်လည်ကူညီပံ့ပိုးမှုများပေး၍ အားပေးစကားပြောကြားခဲ့

 

ရန်ကုန် ဇွန် ၂၇

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှဦးစီးသော မြို့နယ်လုံးဆိုင်ရာ အမျိုးသမီးထု ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ သည် မြို့နယ်အတွင်းရှိ ခိုကိုးရာမဲ့ ဘိုးဘွားများနှင့် နွမ်းပါးသောကိုယ် ဝန်ဆောင်မိခင်များ၊မသန်စွမ်း ကလေးသူငယ်များကို လစဉ်ကူညီ ထောက်ပံ့ပေးမှုများရှိခဲ့ရာ ယနေ့ ညနေတွင်လည်း အမျိုးသမီးကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်သား ဖွားခါစမိခင်နှင့် နောက်ထက်အဖွဲ့ ဝင်တစ်ဦး၏ မိခင်နာရေးကိုပြည် ခိုင်ဖြိုးပါတီအရှေ့ပိုင်းခရိုင်ဘဏ္ဍာ ရေးမှူးဦးဝဏ္ဏမျိုး၊ မြို့နယ်ဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့်မြို့နယ်ကော် မတီဝင်များ၊အမျိုးသမီးထုအဖွဲ့ဝင် များ၊ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ကော် မတီဝင်များဖြင့် သွားရောက်ကြည့် ရှုကာ ကူညီပံ့ပိုးမှုများပေး၍ အား ပေးစကားပြောကြားခဲ့သည်။

ထိုအမျိုးသမီးထုကာကွယ်စောင့် ရှောက်ရေးအဖွဲ့တွင်အသိပညာရှင်၊ အတတ်ပညာရှင်အမျိုးသမီးများ၊ ဥပဒေပညာရှင် အမျိုးသမီးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်အမျိုးသမီးများ ဖြင့် ဖွဲ့စည်းထားကြောင်း သိရ သည်။

ဇော်ရဲထွဋ်(ဒဂုံတောင်)