အန္တိမဈာပနပွဲတွင် ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စတုဒီသာအလှူဖြင့် ပါဝင်လှူဒါန်း

 

ပဲခူးမြို့နယ် ချမ်းသာကုန်းကျေးရွာ၌ ချမ်းသာကုန်း ဓမ္မရက္ခိတကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တ ကုဏ္ဍလမဟာထေရ်၏ အန္တိမဈာပနအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ အန္တိမဈာပနပူဇော်ပွဲတွင် ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမင်းခန့်ကျော်နှင့် မြို့နယ် ကော်မတီဝင်များ၊ ကျေးရွာများမှ ပါတီခေါင်းဆောင်များ စုပေါင်းပြီး အန္တိမဈာပနပွဲသို့ လာရောက်ကြည်ညိုကြသော ဧည့်ပရိသတ်များကို အအေးဖျော်ရည်နှင့် ကိတ်မုန့်များကို စတုဒိသာအလှူအဖြစ် ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

တင်စိုး(ပဲခူး)