ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွေးနွေးပွဲ တက်ရောက်

 

ဝမ်းတွင်း သြဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပါတီတာဝန်ရှိသူများက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရှေ့လုပ်ငန်း စဉ်နှင့် လမ်းညွှန်မှုများမှာကြား ခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ ကော်မတီ ဝင်များ ဖြစ်ကြသော ဦးရွှေနန်းနှင့် ဦးမိုးမြင့်သိန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ခရိုင်ပါတီကော်မတီဝင် ဦးမြဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ဟောင်း) ဦးသန်းမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (ဟောင်း) ဦးဌေးမောင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (ဟောင်း) ဦးမောင်မောင်ဦး၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။