နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

 

သြဂုတ်(၂၀)၊နွားထိုးကြီး သုတ

နွားထိုးကြီးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ၏ ဝါဆိုသင်္ကန်း ဆက်​ကပ်​လှူဒါန်းပွဲ အခမ်းအနားကို ယ​မန်နေ့နံနက်​ ၁၀ နာရီက မြို့နယ်​ပါတီရုံးတွင်​ ကျင်းပခဲ့သည်​။

အခမ်းအနားတွင်​ ​ဧည့်​ပရိသတ်​အ​ပေါင်းမှ တိုင်းသံဃဝန်​​ဆောင်​၊ နွားထိုးကြီးမြို့နယ်​၊ ချိုင်းနားပရိယတ္တိစာသင်​တိုက်​ဆရာ​တော်​ ဘဒ္ဒန္တ​တေဇနိယမှ ငါးပါးသီလခံယူ​ ဆောက်​တည်​ပြီး​နောက်​ ပရိတ်​တရား​တော်​များ နာယူ ခဲ့ကြသည်​။ ဆက်​လက်​၍ နွားထိုးကြီးမြို့နယ်​၊ ချိုင်းနားပရိယတ္တိ စာသင်​တိုက်​ဆရာ​တော်​ ဘဒ္ဒန္တ​တေဇနိယ အမှူးပြု​သော ပင့်​သံဃာငါးပါးအား မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီ​ဥက္ကဋ္ဌ ဦးဝင်း​မောင်​နှင့်​အဖွဲ့မှ ဝါဆိုသင်္ကန်းနှင့် တကွလှူဖွယ်​ဝတ္တု အစုစုတို့အား ဆက်​ကပ်​လှူဒါန်းပြီး​နောက်​ လှူဒါန်းမှုအစုစုအတွက်​ ​ရေစက်​ချသာဓုအနု မောဓနာ တရားအား နာယူ​ဆောက်​တည်​ခဲ့ ကြပြီးနောက်​ သံဃာ​တော်​ အရှင်​သူမြတ်​တို့အား ​နေ့ဆွမ်း ဆက်​ကပ်​လှူဒါန်းခဲ့သည်​။

အခမ်းအနားသို့ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီ​ဥက္ကဋ္ဌ ဦးဝင်း​မောင်​နှင့်​အတူ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦး​ကျော်​စန်း၊ နွားထိုးကြီးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်​​ဖေ၊ မြို့နယ်အတွင်း​ရေးမှူး ဦးတိုး၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ဖိတ်​ကြားထား​သော ဧည့်​သည်​​တော်​များ၊ ပါတီဝင်​များ တက်​​ရောက်​ ခဲ့ကြ​ကြောင်း သိရသည်​။ ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး