စဉ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပ

 

စဥ့်ကူး ဇူလိုင် ၃

စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက် ၁ဝနာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ၏ လစဉ်ပုံမှန်အစည်းအဝေးကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆို ဖွင့်လှစ်ပြီးနောက် တိုင်းဒေသကြီးပါတီ ကော်မတီဝင် ပြင်ဦးလွင်ခရိုင်နယ်မြေ တာဝန်ခံ ဦးတင့်လွင်ဦး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်ဦးမြတ်သူနှင့် ပြင်ဦးလွင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဝင်းကြည် တို့က အမှာစကားများ အသီးသီးပြောကြား ခဲ့ကြသည်။

ထို့နောက် မြို့နယ်ပါတီ ကော်မတီဝင်များက မိမိတို့နယ်မြေအလိုက် ပါတီလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ များအား ဆွေးနွေးတင်ပြ ခဲ့ကြပြီးနောက် ရပ်ကွက် ကျေးရွာပါတီ ကော်မတီဝင်များက တင်ပြလိုသည်များကို တင်ပြကြကာ တင်ပြလာမှုများအပေါ် စဥ့်ကူးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြန်လည် ရှင်းလင်းပြောကြား ၍ အစည်းအဝေးကို ရပ်နားခဲ့သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီး ပါတီကော်မတီဝင် ပြင်ဦးလွင်ခရိုင်တာဝန်ခံ ဦးတင့်လွင်ဦး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးမြတ်သူနှင့် ပြင်ဦးလွင်ခရိုင် ပါတီဥက္ကဋ္ဌဦးဝင်းကြည်၊ စဥ့်ကူးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု ၃၉ အုပ်စုမှ ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သုတ