ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံ

 

ပုသိမ်ကြီး ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဇီးအုပ်ကျေးရွာအုပ်စု ကံကြီး ကုန်းကျေးရွာ ပါတီကော်မတီဝင် ဦးအောင်ဇော်ဝင်း၏ နေအိမ်တွင် ယမန်နေ့ နံနက်က တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံပွဲသို့ မြို့နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးကျော်မြိုင် (နယ်မြေမှူး)၊ ကျေးရွာပါတီ ကော်မတီဝင် ဦးအောင်ဇော်ဝင်းနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဦးဝင်းနိုင်က လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ ဆွေးနွေး ခဲ့ပြီး ဦးကျော်မြိုင်က ပါတီအောင်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး တက်ရောက်လာသူများက ရင်းရင်းနှီးနှီး ပြန်လည်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဦးဝင်းနိုင်နှင့် အဖွဲ့သည် ဇီးအုပ်ကျေးရွာတွင်အုပ်စု ပါတီဥက္ကဋ္ဌ ဦးသန်းမြင့်စိုး၊ ပါတီကော်မတီဝင် များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ရိုးဆန်း