ညောင်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေး ကျင်းပ

 

ညောင်ဦး ဇွန် ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်နှင့် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ညောင်ဦးခရိုင် နှင့် မြို့နယ်အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးပွဲသို့ ခရိုင်တာဝန်ခံ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးသန်းဌေး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဌေးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ရုံးများက ဝန်ထမ်းများတက် ရောက်ကြသည်။ ခရိုင်တာဝန်ခံမှ ခရိုင်နှင့်မြို့နယ်၏ အားသာချက်၊ အားနည်းချက်များကို ထောက်ပြ၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို မှာကြားခဲ့သည်။

ခရိုင်နှင့်မြို့နယ် နယ်မြေတာဝန်ခံများက သက်ဆိုင်ရာ နယ်မြေအခြေအနေများ၏ ဖြစ်ပေါ်နေသည်များကို ပြန်လည်တင်ပြသည်။ မြို့နယ်ပါတီဥက္ကဋ္ဌက ယခုလအတွင်း ဆောင်ရွက်ရန် လုပ်ငန်းများရှင်း လင်းတင်ပြဆွေးနွေး သည်။ ယင်းနောက် တက်ရောက်လာသော ခရိုင်ပါတီကော်မတီဝင်၊ မြို့နယ်ပါတီ ကော်မတီဝင်များကလည်း ပြန်လည်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ ၁ နာရီခွဲတွင် ပြီးစီးခဲ့သည်။

ကျော်ဌေး(ညောင်ဦး)