ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

မေ ၅၊ ပျော်ဘွယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်ပြည်ခိုင်ဖြိုး ပါတီရုံးတွင် ၄-၅-၂၀၁၉ ရက်နေ့၌ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲအား တက်ရောက် ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးမှ မိမိတို့ပါတီ၏ ရှေ့ဆက်လုပ်ဆောင် သွားမည့် လုပ်ငန်းစဉ်များ၊ မဲဆန္ဒနယ်အတွင်းရှိ ပြည်သူများ၏ လိုအပ်ချက်များ၊ မိမိတို့ပါတီ အောင်မြင်မှု ဆက်လက် ရရှိရန်အတွက် စည်းလုံးညီညွတ်စွာဖြင့် လုပ်ဆောင်ကြရန် အချက်များအား တက်ရောက် လာသူများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်

 

တောင်သာ မေ ၂

မြင်းခြံခရိုင် တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲမှ ညနေပိုင်းအထိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာ ပါတီကော်မတီဝင်များ လပတ်အစည်းအဝေးနှင့် (၂ဝဝ၈ ခုနှစ်) ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်း ခရိုင် မြို့နယ်ပါတီများ ညှိနှိုင်းအစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် တက်ရောက် အမှာစကားပြော

 

မန္တလေး ဧပြီ ၂၉

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/၂ဝ၁၉) ကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးဝဏ္ဏမောင်လွင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်ကလည်း အမှာစကား ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များက ကဏ္ဍအလိုက် ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမူ အခြေအနေများအား ဆွေးနွေးပြောကြား ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးအစည်းအဝေးပြုလုပ်

 

ပုသိမ်ကြီး ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီးပုသိမ် ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေး ပါတီကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ သည်။
ယင်းအခမ်းအနားသို့ မြို့နယ် အတွင်းရေးမှူး ဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူးဦးဝင်းနိုင်နှင့် ပါတီ ကော်မတီဝင်များ၊ ကျေးရွာပါတီ ဥက္ကဋ္ဌများနှင့်ပါတီ ကော်မတီဝင် များ တက်ရောက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲ ကျင်းပပြုလုပ်

 

ဧပြီ- ၂၅
မန္တလေး

မန္တလေးတိုင်းဒေသကြီးရှိ တိုင်းဒေသကြီးပါတီရုံးခန်းမတွင် ယနေ့ မနက်(၉း၀၀) အချိန်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင် ပါတီဗဟိုကော်မတီဝင် ဗဟိုလူငယ်ရေးရာကော်မတီအဖွဲ့ဝင် ဒေါက်တာနန္ဒာလှမြင့်၊ ဗဟိုကော်မတီဝင် ဗဟိုလူငယ်ရေးရာကော်မတီအဖွဲ့ဝင် ဒေါ်ကျော့ယဉ်ဝင်းနှင့် တိုင်းလူငယ်တာဝန်ခံ ဒေါ်သိင်္ဂီအောင်တို့ တက်ရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဌများ လူငယ်ပါတီဝင်များ စုစုပေါင်းအင်အား(၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

လူငယ်တွေ့ဆုံပွဲ မိတ္ထီလာခရိုင် အစည်းအဝေးခန်းမတွင် ကျင်းပ

 

မိတ္ထီလာ ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့ နန်းတော်ကုန်းရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ မိတ္ထီလာခရိုင်အစည်းအ ဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လူငယ်တွေ့ဆုံပွဲကျင်းပခဲ့သည်။ လူငယ်တွေ့ဆုံပွဲကိုမိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊ လူငယ်ရေးရာခေါင်းဆောင်များနှင့် လူငယ်များ စုစုပေါင်း ၇ဝ တက် ရောက်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဇီဝိတဒါနသွေးအလှူရှင်များအသင်း နှစ်သစ်ကူးအကြိုစုပေါင်းသွေးလှူဒါန်း

 

ကျောက်ဆည် ဧပြီ ၁၁

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဇီဝိတဒါန သွေးလှူရှင်များအသင်းမှ ဦးစီး၍ နှစ်သစ်ကူးအကြို စုပေါင်းသွေးလှူ ဒါန်းပွဲကို ယမန်နေ့ နံနက် ၈ နာရီ ခွဲက ကျောက်ဆည်မြို့ ခုတင် ၂ဝဝဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသွေးလှူဘဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီမှ သင်္ကြန်တွင် ဖြိုးမန္တလာမိသားစု ရေကစားမဏ္ဍပ်ဖြင့် ဖျော်ဖြေမည်

 

မန္တလေး ဧပြီ ၁၁

မန္တလေးမြို့ချမ်းအေးသာစံ မြို့ နယ် ၇၃ လမ်း၊၂၇ လမ်းနှင့် ၂၈ လမ်းကြားမန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီရုံးရှေ့မျက်နှာစာတွင်တိုင်း ဒေသကြီးပါတီမှသင်္ကြန်တွင် ယခုလ ၁၃ ရက်မှ ၁၆ရက်အထိ မန္တလေး မြို့ခံပြည်သူများအား ဖြိုးမန္တလာ မိသားစုရေကစား မဏ္ဍပ်ဖြင့် ကပြ ဖျော်ဖြေ ရေကစားသွားမည်ဖြစ် ကြောင်း သိရသည်။

ကျောက်ပန်းတောင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းရှင်းလင်း

 

ကျောက်ပန်းတောင်း ဧပြီ ၁ဝ

ညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ယမန်နေ့ နံနက် ၁ဝနာရီ မှညနေ ပိုင်းအထိကျောက်ပန်းတောင်းမြို့နယ်ပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာပါတီ ကော်မတီ ဝင်များလပတ်အစည်းအဝေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းသိကောင်းစရာရှင်းလင်းပွဲအခမ်းအနားသို့ ပြည် ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်တက်ရောက်ရှင်းလင်းခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ညောင်ဦးတွင်ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းရှင်းလင်းပွဲသို့ တက်ရောက်

 

ညောင်ဦး ဧပြီ ၉