လူငယ်တွေ့ဆုံပွဲ မိတ္ထီလာခရိုင် အစည်းအဝေးခန်းမတွင် ကျင်းပ

 

မိတ္ထီလာ ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့ နန်းတော်ကုန်းရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ မိတ္ထီလာခရိုင်အစည်းအ ဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လူငယ်တွေ့ဆုံပွဲကျင်းပခဲ့သည်။ လူငယ်တွေ့ဆုံပွဲကိုမိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊ လူငယ်ရေးရာခေါင်းဆောင်များနှင့် လူငယ်များ စုစုပေါင်း ၇ဝ တက် ရောက်ကြောင်း သိရသည်။

အဆိုပါ လူငယ်တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟို ကော်မတီဝင်များဖြစ်ကြသော လူငယ်ရေးရာဋ္ဌာနမှဒေါက်တာ နန္ဒာလှမြင့်နှင့် ဒေါ်ကျော့ယဉ်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်များဖြစ်ကြသော မန္တလေး တိုင်းဒေသကြီး တိုင်းပါတီအတွင်း ရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်း ပါတီကော်မတီဝင် ဦးမိုးမြင့်သိန်း၊ ဦးစိုးသန်းနှင့် ဦးရွှေနန်း၊ ဦးအောင် နိုင်ဦး၊ တိုင်းပါတီလူငယ်ရေးရာ တာဝန်ခံ ဒေါ်သိင်္ဂီအောင်တို့ တက် ရောက်ခဲ့ကြောင်း သိရသည်။

လူငယ်တွေ့ဆုံပွဲ၏ အဓိက ရည်ရွယ်ချက်မှာ မိမိတို့ ပါတီ အတွင်း လူငယ်ထုကျစ်လျစ်ခိုင်မာ ရေး၊ လူငယ်အချင်းချင်းရင်းနှီးစွာ ဆက်ဆံနိုင်ရေး၊ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူငယ်များ ပါဝင်နိုင်ရေးတို့ကို ရည်ရွယ်၍ ကျင်းပကြောင်း သိရသည်။