ရှင်အပါး(၁ဝဝ) အလှူတော်မင်္ဂလာကျင်းပရန် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် အလှူငွေလှူဒါန်း

 

မန္တလေး ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့ မင်္ဂလာတပ်ဦးကျောင်းတွင် မဟာဝိဇယ ဆရာတော်ကြီးကကြီးမှူး၍ သာသနာပြု ယောဂီအဖွဲ့မှကျင်းပမည့် ရှင်အပါး(၁ဝဝ) အလှူတော်မင်္ဂလာ ကျင်းပရန်အတွက် မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများအား ယမန်နေ့ညနေ ၅ နာရီ ခွဲက မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂) ရပ်ကွက် ၃၉/၄ဝလမ်းကြား၊ လမ်း(၆ဝ)ရှိ မဟာဝိဇယကျောင်းတိုက်တွင် ပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က မဟာဝိဇယ ကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တ ဝိစာရထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီYouth Day လှုပ်ရှားမှုအဖြစ် လူငယ်များစုပေါင်းသွေးလှူဒါန်း

 

မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီYouth Day လှုပ်ရှားမှုအဖြစ် လူငယ်များစုပေါင်း သွေးလှူဒါန်းခြင်းအခမ်းအနားကို ယနေ့ ၂၅ ရက် နံနက် ၉နာရီက ကျောက်ဆည်ခုတင် ၂ဝဝ အထွေ ထွေရောဂါကုဆေးရုံကြီး၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

ရမည်းသင်းခရိုင်လူငယ်ရေးရာကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးလူငယ်လှုပ်ရှားမှုအဖွဲ့တို့ပူးပေါင်း၍ ထမနဲထိုးပြိုင်ပွဲကျင်းပ

 

ရမည်းသင်း ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီးရမည်း သင်းခရိုင် လူငယ်ရေးရာကော်မတီ နှင့် မန္တလေးတိုင်းဒေသကြီးလူငယ် လှုပ်ရှားမှုအဖွဲ့တို့ ပူးပေါင်းကျင်းပ သည့် ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် ခရိုင်ရုံးခန်းမ ၌ စည်ကားသိုက်မြိုက်စွာကျင်းပ ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်​၊ လက်​​ဆောင်​ယူ ​ကျေးရွာအုပ်​စု၊ ဥယျာဉ်​​ကျေးရွာ စာကြည့်တိုက်​ ​ဆောက်​လုပ်​ရန်​အတွက်​ ပန္နက်​​တော်​တင်​ မင်္ဂလာအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​ ဦးဝင်း​မောင်​ တက်​​ရောက်

 

ဖေ​ဖော်​ဝါရီ(၁၉)

မန္တ​လေးတိုင်း​ဒေသကြီး၊ ​ကျောက်​ဆည်​ခရိုင်​၊ တံတားဦးမြို့နယ်​၊ လက်​​ဆောင်​ယူ ​ကျေးရွာအုပ်​စု၊ ဥယျာဉ်​​ကျေးရွာ၊ ​ရွှေဥယျာဉ်​စာသင်​တိုက်​အတွင်း စာကြည့်တိုက် ​ဆောက်​လုပ်​ရန်​အတွက်​ ပန္နက်​​တော်​တင်​မင်္ဂလာ အခမ်းအနားကို ယ​မန်နေ့ နံနက် ​(၉) နာရီ (၃၀) မိနစ်​က အဆိုပါ​ကျေးရွာရှိ စာကြည့်တိုက် ​ဆောက်​လုပ်​မည့် မြေနေရာတွင်​ ကျင်းပခဲ့ရာ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​ တက်​​ရောက်​ခဲ့သည်​။

မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ ပါတီဗဟိုအလုပ်အမှုဆောင်တက်ရောက် အဖွင့်အမှာစကားပြောကြား

 

မန္တလေး ဖေဖော်ဝါရီ ၁၈

မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူးသော မြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲအား ယမန်နေ့ မွန်းလွဲ ၃နာရီမှ ညနေ ၄ နာရီခွဲအထိ တိုင်းဒေသ ကြီးပါတီရုံးရှေ့၌ ကျင်းပခဲ့သည်။

ဗဟိုအလုပ်အမှုဆောင်မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာနှင့်အမျိုးသမီးရေးရာတွေ့ဆုံပွဲသို့တက်ရောက်

 

နွားထိုးကြီး ဖေဖော်ဝါရီ ၁၇

မြင်းခြံခရိုင် နွားထိုးကြီးမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ၏ လူငယ် ရေးရာနှင့်အမျိုးသမီးရေးရာ တွေ့ ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲကကျင်းပရာ ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင်မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်တက်ရောက်အားပေးခဲ့သည်။

အခမ်းအနားအား နိုင်ငံတော် သီချင်းသံပြိုင်သီဆို၍ နိုင်ငံတော် အလံအား အလေးပြုခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီလူငယ်များက ဒို့ ပြည်ခိုင်ဖြိုးလူငယ်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ဖွင့်လှစ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဈေးနှုန်းချိုသာစွာဖြင့် ဆန်များရောင်းချပေး

 

မန္တလေး ဖေဖော်ဝါရီ ၁၃

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဒေးဝန်းအနောက်ရပ်ကွက် ၉ဝx၉၁ ကြား၊ ၃၁x၃၂ ကြားရှိ ပြည်သူများ အား ယမန်နေ့နံနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ သတ္တမအကြိမ်ဆန်ရောင်း ချမှုအဖြစ် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့သည်။

ပုသိမ်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်စိစစ်ခြင်းနှင့် ပါတီဝင်အသစ်များပြုလုပ်ပေး

 

ပုသိမ်ကြီး ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး ပုသိမ် ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင် စိစစ်ခြင်းနှင့် ပါတီဝင်အသစ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က ရေထွက်ကျေးရွာပါတီဝင် ဦးကြည်အောင်၏နေအိမ်၌ ပြုလုပ် ခဲ့သည်။

ယင်းအခမ်းအနားသို့ မြို့နယ် ပါတီ ဘဏ္ဍာရေးမှူးဦးဝင်းနိုင်၊ အရန်ပါတီကော်မတီဝင်ဦးသိန်းလွင် နှင့်အဖွဲ့ဝင်များက ကွင်းဆင်းဆောင် ရွက်ခဲ့ရာ ပါတီဝင်အသစ် ၃၇ ဦး ပါတီသို့ယုံကြည်စွာဖြင့် ဝင်ရောက် ခဲ့ကြောင်း သိရသည်။

ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် လပတ်ပုံမှန်အစည်းအဝေး မြို့နယ်ပါတီ အစည်းအဝေးခန်းမတွင်ကျင်းပ

 

06 February 2019

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့ နန်းတော်ကုန်းရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မြို့နယ်အစည်းအဝေးခန်းမ တွင် ယမန်နေ့နံနက် ၁၁ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲအထိလပတ်ပုံမှန် အစည်းအဝေး ကျင်းပသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှစ်သစ်တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြား

 

အမရပူရ ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ၂ဝ၁၉ ခုနှစ် နှစ်သစ်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉နာရီမှ ၁၁နာရီအထိကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးဝဏ္ဏမောင်လွင်တက်ရောက်အမှာစကားပြောကြားခဲ့သည်။