ကျောက်ပန်းတောင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းရှင်းလင်း

 

ကျောက်ပန်းတောင်း ဧပြီ ၁ဝ

ညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ယမန်နေ့ နံနက် ၁ဝနာရီ မှညနေ ပိုင်းအထိကျောက်ပန်းတောင်းမြို့နယ်ပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာပါတီ ကော်မတီ ဝင်များလပတ်အစည်းအဝေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းသိကောင်းစရာရှင်းလင်းပွဲအခမ်းအနားသို့ ပြည် ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်တက်ရောက်ရှင်းလင်းခဲ့သည်။

အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြု၍ နိုင်ငံတော် သီချင်းသံပြိုင်သီဆိုဖွင့်လှစ်ခဲ့ကာ ပါတီဗဟိုအလုပ်အမှုဆောင်တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင် က အဖွင့်အမှာစကားပြောကြား ခဲ့ပြီးနောက်မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီး ပါတီကော်မတီဝင်ညောင်ဦးခရိုင် နယ်မြေတာဝန်ခံဦးသန်းဌေးကဒေသ အခြေအနေများနှင့် လုပ်ငန်းဆောင် ရွက်ပြီးစီးမှုများကိုတင်ပြဆွေးနွေး ခဲ့ပြီး ကျောက်ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်းမြင့် ကလည်းမြို့နယ်အတွင်းအခြေအနေ များကိုဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ ရပ်ကွက်၊ကျေး ရွာပါတီဥက္ကဋ္ဌများ၏တင်ပြချက် များအပေါ် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးဝင်းမောင်က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအကြောင်း သိကောင်းစရာ ရှင်းလင်းပွဲကိုဆက် လက်ကျင်းပ ရာတိုင်းဒေသကြီး ပါတီကော်မတီ ဝင်ဦးကျော်စန်း နှင့်တိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်တို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း များကိုရှင်းလင်းပြောကြားခဲ့သည်။

ယနေ့ကျင်းပသည့်အခမ်းအနား သို့ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်ဦးသန်းဌေးနှင့် ဦး ကျော်စန်း၊ ညောင်ဦးခရိုင်ပါတီ ဥက္ကဋ္ဌဦးညွန့်ဝင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ကျောက်ပန်း တောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဝင်းမြင့်၊ မြို့နယ်ပါတီ အတွင်းရေးမှူးဦးနေလင်းနှင့် မြို့ နယ်ပါတီကော်မတီဝင်များ၊ ရပ်/ ကျေးပါတီဥက္ကဋ္ဌများ၊ လူငယ်များ နှင့် အမျိုးသမီးအဖွဲ့ဝင်များ စုစု ပေါင်းအင်အား ၁ဝဝကျော်တို့တက် ရောက်ခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)