ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ သီဟသွေးလူငယ်များ ဇေယျာသီရိမြို့နယ် ဆင်သေချောင်းကူးတံတားပြုပြင်ဆောင်ရွက်

 

နေပြည်တော် ဧပြီ ၁ဝ

ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ်သာယာကုန်းကျေးရွာနှင့် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာချင်းဆက် အရှည်ပေ ၃ဝဝ၊ အကျယ်ခြောက်ပေရှိ ဆင်သေချောင်းကူး(လူကူး)တံတားပြုပြင်တည် ဆောက်ခြင်းအား ယမန်ေနေ့ နံနက် ၈ နာရီမှ ၁၁ နာရီအထိ ပြည်ထောင်စု နယ်မြေ သီဟသွေးလူငယ်များ ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားပြုပြင်တည်ဆောက်ရာတွင် ပြည်ခိုင်ဖြိုးပါတီ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သရေစည်သူ ဦးလှဌေးဝင်းက အလှူငွေကျပ် ၁ဝသိန်းမတည်လှူဒါန်းတည်ဆောက် ခြင်းဖြစ်ပြီး ပြည်ထောင်စုနယ်မြေ လူငယ်တာဝန်ခံ ဦးကျော်ဌေး ဦးဆောင်၍ နေပြည်တော် ရှစ်မြို့နယ်ဥက္ကဋ္ဌများ၊ သီဟသွေးလူငယ် များ၊ အမျိုးသမီးများ၊ ကျေးရွာနေပြည်သူများဖြင့် အင်အား ၁၅ဝခန့်က လုပ်အားပေးဆောင်ရွက်ခဲ့ကြသည်။ ယင်းလူကူးတံတားပြုပြင်ပြီးစီး သွားပါက ရဟန်းသံဃာများ၊ ပညာရေးအတွက် ကျောင်းသား ကျောင်းသူများ အန္တရာယ်ကင်းစွာဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)