လောကမာရ်ဇိန်ရန်အောင်မြင်မြတ်စွာဘုရားကြီးထီးတော်တင်လှူပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များတင်လှူပူဇော်

 

မိတ္ထီလာ မတ် ၂ဝ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ခင်တဲအုပ်စု၊ ခင်တဲ၊ ကံကြီးကုန်း၊ အောင်သာ၊ ဥယျာဉ်၊ ရွှေပန်းတိုင် အနောက်၊ ခင်သာကျေးရွာများအတွင်း တည်ထားကိုးကွယ် အားထားတော်မူသော ရှေးဟောင်းသမိုင်းဝင် လောက မာရ်ဇိန်ရန်အောင်မြင်စေတီမြတ်စွာဘုရားကြီး ထီးတော် တင်လှူမင်္ဂလာကို ယမန်နေ့ နံနက် မင်္ဂလာအချိန် နံနက် ၁ဝ နာရီ ၁၈မိနစ်တွင် စတင်တင်လှူကြသည်။

ညောင်ဦးမြို့နယ် တောင်ဖီ(လယ်ယား)အုပ်စု ဆယ်လံကျေးရွာတွင်ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ညောင်ဦး မတ် ၁၈

ညောင်ဦးမြို့နယ် အတွင်းရှိ တောင်ဖီ(လယ်ယား)အုပ်စုဆယ်လံ ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးမောင်ဝင်း၏ နေအိမ်၌ ယမန်နေ့ ညနေ ၄ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

မိုး​ကောင်းမြို့ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီအ​ရှေ့ရပ်​ကွက်​​ကော်​မတီဝင်​များနှင့် လက်ဖက်​​ရေကြမ်းစကားဝိုင်း​​တွေ့ဆုံ​ဆွေး​နွေး

 

မိုး​ကောင်း။ မတ်​လ ၁၃

ကချင်​ပြည်​နယ်​ မိုး​ကောင်းမြို့ အ​ရှေ့ရပ်​ကွက်​ပြည်​ခိုင်​မြို့ပါတီ စည်းရုံး​ရေးမှူးဥက္ကဌ ဦးခင်​​မောင်​ဝင်း ​နေအိမ်​တွင်​ ယ​မန်နေ့ ​နေလည်​ ၁နာရီအချိန်​တွင်​ ပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမြို့နယ်​ပါတီဥက္ကဌ ဦးထွန်းထွန်း​အောင်​မြို့နယ်​​ကော်​မတီဝင်​ ဦးစိုးနွယ်​ ဦးထွန်း​ဝေ မြို့နယ်​၊ စည်းရုံး​ရေးတာဝန်​ခံ ဦးမြင်င့်စိုး၊ မြို့နယ်​အရန်​​ကော်​မတီဝင်​ဦး​ငွေရှိန်း တို့သည်​ အ​ရှေ့ရပ်​ကွက်​ စည်းရုံး​ရေးမှူးဥက္ကဌ ဦးခင်​​မောင်​ဝင်းနှင့်ကော်​မတီဝင်​များနှင့် လက်ဖက်​​ရေကြမ်း စကားဝိုင်း ​တွေ့ဆုံ​ဆွေး​နွေးခဲ့ပါသည်​။

ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲတက်ရောက်၍ အာဟာရလှူဒါန်း

 

မတ်လ ၁၃

မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် ကျေးရွာ ရန်ကင်းတောင်ခြေရှိ ဝေနေယျမနောသုခကျောင်းတိုက် တွင် ယမန်နေ့ နံနက်ကပြုလုပ်သော (ရန်ကင်းမြေ)ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနား သို့ မြို့နယ်ပါတီမှ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်(နယ်မြေမှူး)နှင့် အဖွဲ့ ဝင်များ၊ ရန်ကင်းတောင်ကျေးရွာ ပါတီဥက္ကဋ္ဌဦးအေးမောင်နှင့် ကော် မတီဝင်များ တက်ရောက်ခဲ့သည်။

ဗဟိုအလုပ်အမှုဆောင်မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)အကြောင်းသိကောင်းစရာ ဟောပြောပွဲသို့တက်ရောက်

 

မန္တလေး မတ် ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်သည် ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမ ၌ကျင်းပသော မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ၏ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈)အကြောင်းသိကောင်း စရာဟောပြောပွဲကို တက်ရောက်ခဲ့သည်။

ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာဟောပြောပွဲ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်

 

ကျောက်ဆည် မတ် ၁၃

ကျောက်ဆည်ခရိုင် ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ခုနှစ်)အကြောင်းသိကောင်းစရာဟောပြောပွဲကို ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်ခဲ့သည်။ဟောပြောပွဲအား နိုင်ငံတော် သီချင်း သံပြိုင်သီဆို၍ နိုင်ငံတော် အလံအား အလေးပြုဖွင့်လှစ်ပြီး နောက်ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသ ကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကား ပြောခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)အကြောင်း သိကောင်းစရာဟောပြောပွဲ မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးဝင်းတွင်ကျင်းပ

 

မိတ္ထီလာ မတ် ၁၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ရုံးဝင်းအတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲမှစတင်၍ (၂ဝဝ၈) ဖွဲ့စည်း ပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာ များ ဟောပြောပွဲကို ကျင်းပသည်။

ရမည်းသင်းခရိုင်​ပြည်​ခိုင်​ဖြိုးပါတီ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ(၂၀၀၈)အ​ကြောင်း သိ​ကောင်းစရာ​ဟော​ပြောပွဲကျင်းပပြုလုပ်

 

(၁၂.၃.၂၀၁၉)ရက်​​နေ့ နံနက်​(၉)နာရီအချိန်​တွင်​ ရမည်းသင်းပြည်​ခိုင်​ဖြိုးပါတီရုံး၌ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ(၂၀၀၈)အ​ကြောင်းသိ​ကောင်းစရာ​ဟော​ပြောပွဲအခမ်းအနားကျင်းပပြုလုပ်​ရာ ပါတီဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်းပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ တိုင်းပါတီ​ကော်​မတီဝင်​များ၊ ပါတီဗဟို​ပြော​ရေးဆိုခွင့်​ရှိသူ ဦးသိန်းထွန်းဦး၊ ရမည်းသင်းခရိုင်​ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်​​ကော်​မတီဝင်​များ၊ ရမည်းသင်းမြို့နယ်​ပါတီဥက္ကဋ္ဌ ဦးလှဝင်းနှင့်​​ကော်​မတီဝင်​များ၊ ​ပျော်​ဘွယ်​မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးကြည်​မြင့်​နှင့်​​ကော်​မတီဝင်​များ၊ ရမည်းသင်းမြို့နယ်​၊​ပျော်​ဘွယ်​မြို့နယ်​တို့မှ ရပ်​/​ကျေးပါတီဥက္ကဋ္ဌများ စုစု​ပေါင်း(၂၅၀)ဦးခန့်​တက်​​ရောက်​ခဲ့ကြပါသည်​။
#ZawAungHtet


ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကလိုင်ကျော်ကျေးရွာအုပ်စု ပါတီဝင်အသိအမှတ်ပြုကတ်ပေးအပ်

 

မန္တလေးတိုင်းဒေသကြီးကျောက် ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုး စိုးထွန်းသည် ပါတီကော်မတီဝင် များလိုက်ပါလျက် ယမန်နေ့ နံနက် ၈ နာရီခွဲက ကလိုင်ကျော်ကျေးရွာ အုပ်စုသို့သွားရောက်၍ ပါတီဝင် အသိအမှတ်ပြုကတ် ပေးအပ်ခဲ့ ကြောင်း သိရသည်။

အမရပူရပြည်​ခိုင်​ဖြိုးပါတီမှကွန်​ကရစ်​လမ်းခင်းကျင်းရန်​ဘိလပ်​​မြေအိတ်​များလှူဒါန်း

 

(၁၁.၃.၂၀၁၉)ရက်​​နေ့ နံနက်​(၁၀)နာရီတွင်​ ပြည်​ခိုင်​ဖြိုးပါတီ​ပြော​ရေးဆိုခွင့်​ရှိသူ အမရပူရမြို့နယ်​ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ မြို့နယ်​ပါတီအတွင်း​ရေးမှူး ​ဒေါ်​စောမြိုင်​နှင့်​ မြို့နယ်​​ကော်​မတီဝင်​များတို့သည်​ အမရပူရမြို့နယ်​၊ မကျည်းကိုင်း​ကျေးရွာရှိ မကျည်းကိုင်း-​ရွှေ​ပေါက်​ပင်​​ကျေးရွာချင်းဆက်​လမ်းအားကွန်​ကရစ်​ခင်းခြင်း​ဆောင်​ရွက်​​နေရာသို့ သွား​ရောက်​ပြီး မြို့နယ်​ပါတီမှလှူဒါန်း​သော ဘိလပ်​​မြေအိတ်​(၅၀)အား​ကျေးရွာလမ်းဖြစ်​​မြောက်​​ရေး​ကော်​မတီထံ​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။

အဆိုပါလမ်းသည်​ အရှည်​​ပေ(၂၅၀၀)ရှိပြီး အရှည်​(၂၂၀၀)ခင်းကျင်းပြီးဖြစ်​ကာ ကျန်​ရှိ​သော​ပေ(၃၀၀)ဆက်​လက်​ခင်းကျင်းရန်​အတွက်​ဘိလပ်​​မြေအိတ်​များလိုအပ်​လျက်​ရှိ​ကြောင်း​ ​ကျေးရွာပါတီဥက္ကဋ္ဌ၏တင်​ပြလာမှုအရ မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှလှူဒါန်းခြင်းဖြစ်​​ပါသည်​။

#ZawAungHtet