ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ညောင်ဦးတွင်ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းရှင်းလင်းပွဲသို့ တက်ရောက်

 

ညောင်ဦး ဧပြီ ၉

ညောင်ဦးခရိုင် ညောင်ဦးမြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီမှ ညနေပိုင်း အထိ ညောင်ဦးမြို့နယ်ပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီကော်မတီဝင်များ လပတ်အစည်းအဝေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်းသိကောင်း စရာရှင်းလင်းပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက် ရောက်ရှင်းလင်းခဲ့သည်။အခမ်းအနားတွင် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးဝင်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီ ကော် မတီဝင်ညောင်ဦးခရိုင်နယ်မြေတာဝန်ခံဦးသန်းဌေးက ဒေသအခြေ အနေများနှင့်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို တင်ပြဆွေးနွေးခဲ့ပြီး ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးအောင်ဌေးကလည်း မြို့နယ် အတွင်းအခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၏ တင်ပြချက်များ အပေါ် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးဝင်းမောင်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် (၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းသိကောင်းစရာအကြောင်း ရှင်းလင်းပွဲကိုဆက်လက်ကျင်းပရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်စန်းနှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်တို့က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ယနေ့ကျင်းပသည့်အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်၊ တိုင်း ဒေသကြီးပါတီကော်မတီဝင်ဦးသန်းဌေးနှင့်ဦးကျော်စန်း၊ ညောင်ဦး ခရိုင်ပါတီဥက္ကဋ္ဌဦးညွန့်ဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ညောင်ဦး မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးအောင်ဌေး၊ မြို့နယ်ပါတီအတွင်းရေး မှူးဦးအောင်ဆန်းဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌများ၊လူငယ်များနှင့် အမျိုးသမီးအဖွဲ့ဝင်များ စုစုပေါင်းအင် အား ၁ဝဝ ကျော်တက်ရောက်ခဲ့သည်။

သုတ(မန္တလေး)