ကျောက်ဆည်မြို့နယ် ဇီဝိတဒါနသွေးအလှူရှင်များအသင်း နှစ်သစ်ကူးအကြိုစုပေါင်းသွေးလှူဒါန်း

 

ကျောက်ဆည် ဧပြီ ၁၁

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဇီဝိတဒါန သွေးလှူရှင်များအသင်းမှ ဦးစီး၍ နှစ်သစ်ကူးအကြို စုပေါင်းသွေးလှူ ဒါန်းပွဲကို ယမန်နေ့ နံနက် ၈ နာရီ ခွဲက ကျောက်ဆည်မြို့ ခုတင် ၂ဝဝဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသွေးလှူဘဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလှူဒါန်းရာသို့ ကျောက်ဆည်မြို့နယ် ဇီဝိတဒါန သွေးလှူရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်း(သီဟကျော်-ရွှေ ဆည်)အတွင်းရေးမှူးဦးသန်းထွန်း နှင့် အသင်းသားများ၊ ကျောက် ဆည်မြို့နယ်လုံးဆိုင်ရာ ပရဟိတ လူမှုရေးအသင်း သွေးအလှူရှင် အမျိုးသားအမျိုးသမီးများ၊ ဆေးရုံ အုပ်ကြီး ဒေါက်တာစုနန္ဒာ၊ ရောဂါ ဗေဒဆရာဝန်ဒေါက်တာ အောင် အောင်ဦးနှင့် သူနာပြုဆရာမများ၊ ကုသိုလ်ရှင် မြဘုရင်နို့ဆီစက်ရုံ ကိုယ်စားလှယ်ဒေါက်တာမျိုးဝဏ္ဏ အောင်တို့ တက်ရောက်ကြသည်။

ထို့နောက် သွေးလှူရှင် တစ်ဦးချင်းအား သွေးပေါင်ချိန် ခြင်း၊ ရောဂါရှာဖွေခြင်း၊ သွေး အမျိုးအစားခွဲခြင်း၊ မှတ်တမ်းပြု လုပ်ခြင်းများဆောင်ရွက်၍ သွေး လှူဒါန်းကြရာ အေသွေး ၄၆ အိတ်၊ ဘီသွေး ၃၆ အိတ်၊ အိုသွေး ၄၂ အိတ်၊အေဘီသွေးကိုးအိတ် စုစု ပေါင်း ၁၃၃ အိတ် လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။

သွေးအလှူရှင် အမျိုးသား အမျိုးသမီးလေးများအား ဇီဝိတ ဒါနသွေးအလှူရှင်များအသင်းမှ ကြက်ဥ၊ ကိတ်၊ အချိုရည်ဘူးနှင့် တဘက်များ၊ မြဘုရင်နို့ဆီစက်ရုံ မိသားစုမှ ကိုကာကိုလာအချိုရည် ဘူးကြီးများ၊ အာယုပါလကလူမှု ကူညီရေးအသင်းမှ ထမင်းဘူး၊ အချိုရည်ဘူးများ၊ အာဟာရဒါန ကုသိုလ်ပြုလှူဒါန်းခဲ့ကြောင်း သိရ သည်။

သီဟထွန်း(နဝရတ်မြေ)