ကဆုန်လပြည့်ညောင်ရေသွန်းလောင်ခြင်းနှင့် သက်ကြီးပူဇော်ပွဲပြုလုပ်

 

ပါတီဗဟိုကော်မတီဝင် ဦးကျော်စိုးလေး၏ လမ်းညွန်ချက်ဖြင့် ယမန်နေ့ မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ တကွင်းအုပ်စု ညောင်ပင်သာကျေးရွာတွင် ညောင်ရေသွန်းလောင်းခြင်း နှင့် သက်ကြီးပူဇော်ပွဲပြုလုပ်ကျင်းပခဲ့သည်”

ညောင်ပင်သာ ဆရာတော်အား ပါတီဝင်များက ဝတ္ထုငွေများကပ်လှူခြင်း ပြုလုပ်ပြီး။ ဆက်လက်ပြီး ညောင်ရေသွန်းလောင်းခြင်းကို ကျေးရွာ
ရွာဦးထိပ်၌ ကျင်းပခဲ့သည်။

ထို့နောက် အသက်ကြီး အဘိုးအဖွား ၆ ဦးကို တစ်ဦးလျှင်ငွေ ၁၀၀၀၀ ကျပ်နှင့် အာဟာရမုန့်များဖြင့် တစ်အိမ်တက်ဆင်း သွားရောက်ဂါရဝပြု ခဲ့သည်။

အဆိုပါ ဂါရဝပြုပွဲသို့ မိုးညှင်းခရိုင်ကော်မတီဝင် ဦးဖုန်းမြင့်၊ မြို့နယ် တွင်းရေးမှူး ဦးဌေးဝင်း (လူငယ်ရေးရာတာဝန်ခံ)၊ မြို့နယ်ကော်မတီဝင် ဦးမြဝင်း (ဟိုပင်တာဝန်ခံ) ၊ ဒေါ်သန္တာဝင်းမောင် လူငယ်ကေဒါ အောင်ကိုဝင်း၊ ရန်အောင်ဝင်း ကိုကိုနိုင် ၊မောင်တူး ၊ ကျော်မင်းလွင်၊ မသဇင်ဦး၊ မနန်းအိဖြူ ၊ မအေးသွယ်ခိုင်၊ မဘုတ်ဆုံနှင့်ရပ်ကျေးကော်မတီ ဝင်များ၊ လူငယ်ကေဒါများစုစုပေါင်း ၄၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ (ဟိုပင်)