ကော့မှူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးကျင်းပ

 

ရန်ကုန် ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီး ကော့ မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအပတ် စဉ်ပုံမှန်အစည်းအဝေးကို ယမန်နေ့ နံနက်၁၁နာရီခန့်က မြို့နယ်ပါတီ ရုံးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကော့ မှူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးရွှေဘော်(ခ) ဦးဝင်းထွန်းနိုင်၏ လမ်းညွှန်ချက်အရ မဟာသင်္ကြန် ကာလအစီအစဉ်များ၊ နှစ်ဦး နှစ် ဆန်းကာလ အသက် ၆၅နှစ် နှင့် အထက်သက်ကြီးပူဇော်ပွဲဆောင် ရွက်ရန်ကိစ္စများ၊ ပါတီမူဝါဒလမ်း စဉ်များနှင့်ရှေ့ဆက်လက်ဆောင်ရွက် ရမည့် လမ်းစဉ်လုပ်ငန်းစီမံချက် များအား မြို့နယ်ကော်မတီများက ဆွေးနွေးအတည်ပြုလျက်မှတ်တမ်း တင်ခဲ့ပြီးအစည်းအဝေးကိုမွန်းတည့် ၁၂နာရီတွင်ပြီးဆုံးခဲ့ကြောင်း သိရ သည်။

မြတ်ဟိန်းကျော်(ကော့မှူး)