မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်း ခရိုင် မြို့နယ်ပါတီများ ညှိနှိုင်းအစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် တက်ရောက် အမှာစကားပြော

 

မန္တလေး ဧပြီ ၂၉

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/၂ဝ၁၉) ကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးဝဏ္ဏမောင်လွင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်ကလည်း အမှာစကား ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များက ကဏ္ဍအလိုက် ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမူ အခြေအနေများအား ဆွေးနွေးပြောကြား ခဲ့သည်။

ထို့နောက် ခရိုင်ပါတီ ဥက္ကဋ္ဌများက ခရိုင်အလိုက် ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြ ဆွေးနွေးခြင်း၊ မြို့နယ်အသီးသီးမှ မြို့နယ်ပါတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာ မြို့နယ်အလိုက် စည်းရုံးရေး၊ ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ တင်ပြဆွေးနွေးခြင်း၊ နယ်မြေအလိုက် ပါတီများမှ တင်ပြ လာမှုများအပေါ် တိုင်းဒေသကြီးပါတီမှ ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးဝဏ္ဏမောင်လွင်က နိဂုံးချုပ် အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးဝဏ္ဏမောင်လွင် နှင့်အတူ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်များမှ ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ အပါအဝင် စုစုပေါင်း အင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ သုတ(မန္တလေး