ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူးဒေါက်တာစန်းစန်နွယ် ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာတာဝန်ခံများနှင့်တွေ့ ဆုံ

 

ရန်ကုန်။ ဧပြီ ၂၉

ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူးဒေါက်တာစန်းစန်းနွယ်သည်ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီရုံးခန်းမ၌ယနေ့  နံနက် (၉)နာရီအချိန်ခန့် ကရန်ကုန်တိုင်းအတွင်းရှိမြို့ နယ်များမှအမျိုးသမီးရေးရာတာဝန်ခံများနှင့်
တွေ့ ဆုံခဲ့သည်။

ထိုတွေ့ ဆုံပွဲတွင်ဒေါက်တာစန်းစန်နွယ်မှအမျိုးသမီးများမိမိတို့ ရပ်ရွာဒေသအသီးသီးတွင်မိတ်ဘက်အဖွဲ့ အစည်းများ ၊ လူမှုအကျိုးပြုလှုပ်ရှားမှုများ၊ ဒေသဖွံ့ ဖြိုးမှုလုပ်ငန်းများစသည့်လုပ်ငန်းစဉ်များတွင်ပါဝင်မှု ၊ ပူးပေါင်းဆောင်ရွက်မှု ၊ ဖွဲ့ စည်းထားမှုအခြေအနေများအားမေးမြန်း၍ အမျိုးသမီးလှုပ်ရှားမှုအနေဖြင့်ဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းစဉ်များအားတင်ပြဆွေးနွေးပေးရန်ပြောကြားခဲ့သည်။

ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီအမျိုးသမီးရေးရာတာဝန်ခံဒေါ်စန်းစန်းဝင်းမှတိုင်အတွင်းမြို့ နယ်အသီးသီးတို့ မှအမျိုးသမီးများလှုပ်ရှားမှုများယခုထက်ပိုမိုကာကဏ္ဍအသီးသီးတို့ တွင်ပူးပေါင်းဆောင်ရွက်နိုင်မှုရရှိရေးဆောင်ရွက်ရန်ပြောကြားပြီး ၊ တက်ရောက်လာကြသည့်မြို့ နယ်အသီးသီးတို့ မှအမျိုးသမီးရေးရာတာဝန်ခံများက ၊ ခရိုင်အလိုက် ၊ မြို့ နယ်အလိုက်လက်ရှိဆောင်ရွက်ထားမှုအခြေအနေများ ၊ ဖွဲ့ စည်းထားမှုအခြေအနေများ ၊ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကိုတင်ပြဆွေးနွေးခဲ့ကြပြီး ၄င်းတွေ့ ဆုံပွဲကိုနံနက် ၁၀နာရီ ၄၅မိနစ်အချိန်ပြီးဆုံးခဲ့သည်။

အဆိုပါတွေ့ ဆုံပွဲသို့  ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီတိုင်းကော်မတီများ၊ ခရိုင်(၄)ခရိုင်တို့ မှခရိုင်တာဝန်ခံများ ၊ မြို့ နယ်(၄၅)မြို့ နယ်တို့ မှအမျိုးသမီးရေးရာတာဝန်ခံများစုပေါင်းအင်အား(၂၀၀)ကျော်တို့ တက်ရောက်ကြောင်းသိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)