စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဗန်ဒိုက်ခ်ျကို လီဗာပူးခေါ်ယူလိုက်ပြီ

လီဗာပူးအသင်းမှာ ဆောက်သမ်တန် နောက်ခံလူ ဗန်ဒိုက်ခ်ျ ကို စံချိတင် ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်ြး ဖင် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

လီဗာပူးဟာ ဗန်ဒိုက်ခ်ျကို ပြီးခဲ့သည့် နွေရာသီကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆောက်သမ်တန်အသင်းက လီဗာပူးကို တရားမ၀င် ချဉ်းကပ်ခဲ့တယ်လို့ စွဲစွပ်ခဲ့ပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်က တိုင်ကြားသွားခဲ့တာကြောင့် လီဗာပူးအနေနဲ့ နောက်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။

အမ်ဘတ်ပီကို ကျော်ပြီး ပြင်သစ်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ကန်တီ ရရှိ

ဒီဇင်ဘာ ၂၇၊ ပြင်သစ်

ချယ်လ်ဆီး ကွင်းလယ်ကစားသမား ကန်တီ သည် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီကိုကျော်ဖြတ်ပြီး ၂၀၁၇ ပြင်သစ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့သည်။

ကန်တီသည် အမ်ဘတ်ပီထက် မဲငါးမဲသာ အသာရပြီး အကောင်းဆုံးဆုကို ရခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာမှာ ၎င်းတို့နှစ်ဦး၏နောက် တတိယအကောင်းဆုံး ကစားသမားအဖြစ်   ရွေးချယ်ခံခဲ့ရသည်။

အေစီမီလန်ဂန္ထဝင် ဂျော့ခ်ျဝီယာ လိုက်ဘေးရီးယား သမ္မတ ဖြစ်လာ

 အေစီမီလန်ဂန္ထဝင် နှင့် ယခင် ဘလွန်းဒီအောဆုရှင် ဂျော့ခ်ျဝီယာသည် လိုက်ဘေးရီးယား သမ္မတရွေး ကောက်ပွဲတွင် အနိုင် ရရှိခဲ့သည်။

၁၉၉၅ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင်နှင့် အာဖရိက အကောင်းဆုံးဘောလုံးသမား ဆုသုံးကြိမ်ရရှိခဲ့သူ ဂျော့ခ်ျဝီယာ သည် လက်ရှိဒုတိယသမ္မတ ဂျိုးဆက်ဖ်ဘိုအာကာဘီကို အနိုင်ရရှိကာ နိုင်ငံ၏ ပထမဆုံးအမျိုး သမီးသမ္မတ အယ်လင်ဂျွန်ဆင် ဆာလိဖ်နေရာ ဆက်ခံမည်ဖြစ်သည်။

ဒိုင်ဘာလာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ မော်ရင်ဟို

မန်ယူအသင်း နည်းပြ မော်ရင်ဟိုကတော့ ဂျူဗင်တပ်အသင်းရဲ့ ကစားသမား ဒိုင်ဘာလာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အသက် ၂၄ အရွယ်သာရှိသေးတဲ့ ဒိုင်ဘာလအနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပါလာမိုအသင်းကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ရောက်ရှိ လာခဲ့သူလည်း ဖြစ်ပါတယ်။

မော်ရင်ဟိုအနေနဲ့ ဒိုင်ဘာလာကို အသင်းကနေ ထွက်ခွာဖို့များနေတဲ့ မာတာ၊ အမ်ခီတာယန်းတို့ နေရာမှာ အစားထိုး နိုင်ရေးအတွက် ခေါ်ယူချင်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပထမနှစ်ဝက်မှာ မန်စီးတီးအသင်း စံချိန်များစွာ ရရှိခဲ့

ဒီဇင်ဘာ ၂၆၊ အင်္ဂလန်

ပထမနှစ်ဝက်ပြီးဆုံးသွားချိန်တွင် နည်းပြဂွါဒီယိုလာ၏မန်စီးတီးအသင်းသည် စံချိန်ကောင်းများစွာကို ရရှိခဲ့သည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပွဲ ကစားပြီးချိန်တွင် ၆၆ ဂိုးအထိသွင်းယူပြီး ၁၂ ဂိုးသာ ပြန်ပေးခဲ့ရကာ ရမှတ် ၅၅ မှတ်အထိ ရခဲ့သည်။ ထို့ကြောင့် အင်္ဂလန်တွင်သာမက ဥရောပထိပ်တန်းလိဂ် ၅ ခုတွင်ပါ ခံစစ်၊ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် ဂျပန်လူမျိုးနည်းပြတစ်ဦး ခန့်အပ်မည်

Photo- MFF

 မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို တာဝန်ယူကိုင်တွယ်မယ့် ဂျပန်လူမျိုးနည်းပြတစ်ဦး လာမယ့် ဇန်န၀ါရီလအတွင်း ခေါ်ယူပေးသွားမယ် လို့ သိရပါတယ်။

ဆီးဂိမ်းပြိုင်ပွဲအပြီး နယ်သာလန်လူမျိုးနည်းပြ ရော်ဂျာနဲ့လမ်းခွဲခဲ့ပြီးနောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေနဲ့ နည်းပြလက်မဲ့ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေကို ခရစ္စမတ်ဆုတောင်းစကားဆိုခဲ့တဲ့ အောင်လအန်ဆန်

မကြာခင်မှာ မိသားစုနဲ့ အနားယူချိန်လေး ကုန်ဆုံးတော့မှာဖြစ်ပြီး လေ့ကျင့်ခန်းတွေ  ပြင်းပြင်းထန်ထန် ပြန်လုပ်ရတော့မှာလည်း ဖြစ်ပါတယ်။

MMA One Championship မစ်ဒယ်ဝိတ်တန်း ချန်ပီယံ မြန်မာပြည်ဖွားအောင်လအန်ဆန်က ယနေ့ ကျရောက်တဲ့ ခရစ္စမတ်နေ့ထူးနေ့မြတ်မှာ သူ့ရဲ့ ပရိသတ်တွေအတွက် ဆုတောင်းစကား ဆိုလိုက်ပါတယ်။

အဆိုပါ ဆုတောင်းစကားကိုတော့ ၎င်းရဲ့ ကိုယ်ပိုင် လူမှုစာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ကက်တလန်လွတ်မြောက်ရေးထောက်ခံမှုကြောင့် ဂွါဒီယိုလာကို ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေး

ဒီဇင်ဘာ ၂၂၊ စပိန်

မန်စီးတီး နည်းပြ ဂွါဒီယိုလာ သည် ကက်တလန်ဒေသ လွတ်မြောက်ရေးအတွက် လူသိရှင်ကြား ထောက်ခံ ဟောပြောခဲ့သည့်အတွက် စပိန်ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုကို ခံနေရသည်။

ကက်တလန်ဒေသတွင် မွေးဖွားပြီး ဘာစီလိုနာအသင်းနှင့်အတူ ကစားသမားဘ၀နှင့်ရော နည်းပြဘ၀နှင့်ပါ အောင်မြင်ခဲ့သည့် ဂွါဒီယိုလာသည် စပိန်နိုင်ငံမှ ကက်တလန်ဒေသ လွတ်မြောက်ရေး ရရှိမှုအတွက် အပြည့်အ၀ ထောက်ခံသူ ဖြစ်သည်။

ဒီဇင်ဘာလအတွင်း အဆင့်ရပ်တည်မှု စံချိန်တင် မြင့်တက်လာတဲ့ မြန်မာအသင်း

ဒီဇင်ဘာလအတွက် ဖီဖာရဲ့ အဆင့်သတ်မှတ်ချက်များ ထွက်ပေါ်လာခဲ့ပြီး မြန်မာ့လက်ရွေးစင် အသင်းအနေနဲ့ ကမ္ဘာ့အဆင့် ရပ်တည်မှု စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ကမ္ဘောဒီးယားအသင်းနဲ့ ခြေစမ်းပွဲမှာ အနိုင်ရရှိခဲ့သလို၊ အိန္ဒိယအသင်းကိုလည်း သရေကစားထားနိုင်ခဲ့ပြီး ရှုံးပွဲ မရှိခဲ့ကာ သွင်းဂိုး ၄ ဂိုးအထိ ရယူထားနိုင်ခဲ့တာ ကြောင့်လည်း ယခုလို အဆင့်သတ်မှတ်ချက်(၁၀)ဆင့်အထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေး ဒဏ်ရာမသက်သာ၍ လေ့ကျင့်မှုရပ်နား

ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးဟာ သြစတြေးလျအိုးပင်း ပြိုင်ပွဲမှာ ကြံ့ခိုင်မှုပြည့်ဝလာဖို့ မျှော်လင့်ထားပေမယ့် ဒဏ်ရာမသက်သာသေးတာကြောင့် လေ့ကျင့်မှုတွေ ရပ်နားလိုက်ရပါတယ်။

အန်ဒီမာရေးအနေနဲ့ ခရစ္စမတ်ကာလ မတိုင်ခင်မှာ သြစတြေးလျကို ကြိုတင်သွားရောက်ပြီး လေ့ကျင့်ဖို့ စီစဉ်ထားပေမယ့် တင်ပါးဒဏ်ရာ သက်သာလာခြင်း မရှိတာကြောင့် လေ့ကျင့်မှုတွေ ရပ်နားထားရတာပါ။

ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမားဟောင်း အန်ဒီမာရေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကစားခဲ့တဲ့ ဝင်ဘယ်လ်ဒန် အိုးပင်းကတည်းက ဒဏ်ရာကြောင့် အနားယူနေရသူပါ။