အေစီမီလန်ဂန္ထဝင် ဂျော့ခ်ျဝီယာ လိုက်ဘေးရီးယား သမ္မတ ဖြစ်လာ

 အေစီမီလန်ဂန္ထဝင် နှင့် ယခင် ဘလွန်းဒီအောဆုရှင် ဂျော့ခ်ျဝီယာသည် လိုက်ဘေးရီးယား သမ္မတရွေး ကောက်ပွဲတွင် အနိုင် ရရှိခဲ့သည်။

၁၉၉၅ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင်နှင့် အာဖရိက အကောင်းဆုံးဘောလုံးသမား ဆုသုံးကြိမ်ရရှိခဲ့သူ ဂျော့ခ်ျဝီယာ သည် လက်ရှိဒုတိယသမ္မတ ဂျိုးဆက်ဖ်ဘိုအာကာဘီကို အနိုင်ရရှိကာ နိုင်ငံ၏ ပထမဆုံးအမျိုး သမီးသမ္မတ အယ်လင်ဂျွန်ဆင် ဆာလိဖ်နေရာ ဆက်ခံမည်ဖြစ်သည်။

‘‘ဒီကနေ့မှာ ကျွန်တော့်ကို မဲပေး၍ ဂုဏ်ပြုခဲ့တဲ့အတွက် လိုင်ဘေးရီးယား  ပြည်သူတွေကို အလေးအနက် ကျေးဇူးတင်ပါတယ်။ ဒါဟာ ကြီးမားတဲ့ မျှော်လင့်ချက်ပါ’’ဟု ဂျော့ခ်ျဝီယာက တွစ်တာစာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ အေစီမီလန်ဂန္ထဝင်သည် သမ္မတရွေးကောက်ပွဲ ပထမအကျော့တွင် မဲအများဆုံး ရရှိခဲ့သော်လည်း မဲမပြတ်ဘဲ ဘိုအာ ကာဘီနှင့် ဒုတိယအကျော့ယှဉ် ပြိုင်ခဲ့ရသည်။ ဒုတိယအကျော့တွင်မူ စီရင်စု ၁၅ ခုအနက် ၁၂ ခုတွင် အနိုင်ရရှိပြီး လိုက်ဘေးရီး ယားနိုင်ငံ၏ ၂၅ ဦးမြောက် သမ္မတ ဖြစ်လာသည်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ပထမဆုံးရရှိသော အာဖရိကတိုက်သား ဂျော့ခ်ျဝီယာသည် ချယ်လ်ဆီး၊ ပီအက်စ်ဂျီ၊ မိုနာကို၊ မန်စီးတီးနှင့် မာဆေးတို့တွင်လည်း ကစားခဲ့ပြီး ၎င်းသမ္မတ ဖြစ်လာခြင်းကို ဘောလုံးလောကမှ ပုဂ္ဂိုလ်များက ချီးကျူးဂုဏ်ပြုခဲ့သည်။ ၎င်းသည် ၂၀၁၁က ဒုတိယသမ္မတနေရာ ဝင်ရောက် ယှဉ်ပြိုင်ပြီး ၂၀၁၄တွင် အထက်လွှတ်တော် အမတ်ဖြစ်လာခဲ့သည်။          

 —Ref:Goal